Saturday, 11 May 2013

ဝင်လို့မရတဲ့ Blogger ဆိုဒ် တွေကိုကျော်မယ်ခွမယ်

မင်္ဂလာပါ။ ယနေ့အတွက် ACCESS DENIED ဆိုတဲ့အရှုပ်အထုပ်လေးတွေကိုရှင်းမယ့်နည်းကို Tech in Blogging မှရှာတွေ့ခဲ့ပါတယ်ဗျာ။ Software လည်းမလို Proxy လည်းမလိုတဲ့နည်းလေးပါ။ လူတိုင်းလည်းသိလောက်မှာပါ။ ဒါက မြန်မာနိုင်ငံအတွက်ပါ။



ဥပမာ - techinblogging.blogspot.com က၀င်လို့မရဘူးဆိုရင် techinblogging.blogspot.com.au လို့ပေးပြီးဝင်ကြည့်ပါ။ ACCESS DENIED မဖြစ်တောပါဘူး။

.com.au တင်မကပါဘူး။ တခြားနည်းလမ်းလည်းသုံးလို့ရပါတယ်။  .blogspot.in နဲ့လည်းဝင်လို့ရပါတယ်။  .co.uk လည်းအပါအ၀င် တခြား extenstion နဲ့ try လို့ရပါတယ်။ ဒါပေမယ့် .blogspot. ဆိုတာပါပါစေ။ Porn blog site ကိုထိုနည်းနဲ့ဝင်လျှင် ရောက်သွားနိုင်ပါတယ်။  ဒါပေမယ့် မကောင်းတဲ့နေရာမှာလုံးဝမသုံးပါနဲ့လို့ ကျွန်တော်တို့အကြံပေးချင်ပါတယ်။

Editor's tips ►
Software မလိုတဲ့အတွက် သင့်အတွက်အရမ်းအသုံးဝင်မှာပါ။ စက်လည်းမထိခိုက်ပါဘူး။ ဒါဆိုရင် သင်လွတ်လွတ်လပ်လပ် ကြည့်လို့ရပါပြီ။ Blog removed အလုပ်ခံရရင်တော့ ကျွန်တော်နဲ့မဆိုင်တော့ဘူးဗျာ။ အဆင်ပြေပါစေ။


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Friday, 10 May 2013

Zawgyi <=> Unicode ပြောင်းတဲ့ floating အရောင်စုံ Blogger widgets များ

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ကျွန်တော်ယခုလူအသုံးများတဲ့ Blogger Widgets လေးအရောင်စုံလင်စွာဖြင့် ပြသပါဦးမယ်ဗျာ။ ရှိသေးတယ်။ ဆက်ကြည့်ပါ။ ဆုံးအောင်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ နှစ်သက်တာတွေယူသွားနိုင်ပါသည်။

  • သင်နှစ်သက်ရာအရောင်တစ်ခုရွေးပါ။
  • Add to Blogger ကို အရင် ကလစ်ပါ။ 
  • Add Page Element ဆိုပြီး page ပေါ်လာပါလိမ့်မယ်။ 
  • Add Widget ကို ကလစ်ပါ။

ကျွန်တော်တို့ default အရောင်က အပြာနုလေးပါ။ kaunglay.com ကနေရထားတာပါ။ သူ့ကို credit ပေးပါတယ်ဗျာ။ အလုပ်မလုပ်တော့လို့ ကျွန်တော်က ပြန်ပြီးဝေမျှတာပါ။ တခြားအရောင်က ကျွန်တော်ပြင်ထားတဲ့အတွက် Credit တော့ပေးခဲ့ပါ။ ကုဒ်က 100% အလုပ်လုပ်ပါတယ်။

အပြာရောင်ဆိုတော့ သင့်ဆိုဒ်အတွက်လိုက်ဖက်မယ်ထင်တယ်။ Default အရောင်လေးအဖြစ်ပါ။ ဒီအရောင်ချစ်သူတွေအတွက်အရမ်းကောင်းပါတယ်။


မဲသွားပါတယ်။ ဒါပေမယ့် ဒါက demo ပါ။ သင့်ဆိုဒ်မှာတင်ကြည့်ပါ။ Tech in Blogging မှဒီအရောင်လေးတင်ထားပါတယ်ဗျာ။ သေချာကြည့်လိုက်ပါ။


အနက်လိုလို အခဲရောင်လိုလိုပါပဲ (Silver) ပါ။ ဆိုဒ်အဖြူရောင်မှာ အနက်လေးခံလိုက်တော့လှမယ်ထင်လို့ share လိုက်ပါတယ်။ အနက်ကခေတ်စားတော့ ကြိုက်တဲ့သူပိုများပါတယ်။

မိန်းကလေးအကြိုက်ပါ။ မိန်းမဆန်ဆန်ထားဖို့ဆိုရင် ဒီအပန်းရောင်လေးက မိန်းကလေးဘလော့အတွက် အရမ်းအသုံးဝင်ပါတယ်လို့ ကျွန်တော်အာမခံပါတယ်။

Thursday, 9 May 2013

Stylish ကျတဲ့ Social sharing widget ပါ

မင်္ဂလာပါ။ ခု Blogger widget တစ်ခု Tech in Blogging မှ share မှာဖြစ်ပါတယ်။ Social Sharing widget တစ်ခုပါ။ အရမ်း Style ကျတဲ့ widget လေးပါ။ သင့်ရဲ့ Blog site မှာထားရင် အရမ်းလှပါတယ်။ စာဖတ်သူတွေကိုလည်း share ရလွယ်ကူစေပါတယ်။
အောက်ပါပုံလေးပါ သင့် Widget ကိုလှပသွားစေမှာပါ။ ဒါကသင့်ရဲ့ဘလော့တစ်ခုတိုင်းမှာ ပါတယ်။ auto ပါ။
ခု Add to Blogger ကို အရင် ကလစ်ပါ။ Add Page Element ဆိုပြီး page ပေါ်လာပါလိမ့်မယ်။ Add Widget ကို ကလစ်ပါ။


အဆင်ပြေပါစေ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Wednesday, 8 May 2013

သင့်၏ Blogger site တွင် Malware ရှိ/မရှိစစ်ဆေးနည်း (Blogger only)

အားလုံးပဲ Tech in Blogging မှကြိုဆိုပါတယ်။ ခုတော့ Blogger Tip လေးတစ်ခုရေးလိုက်ပါဦးမယ်။ အားလုံးနီးနီးမှာလည်း Blogger ဆိုဒ်လေးပိုင်ဆိုင်မှာပဲ ဒါပေမယ့် သူတို့ရဲ့ဆိုဒ်မှာ ဗိုင်းရစ်ရှိမရှိ မသိတာတောတော်ခက်မှာပဲ။ တစ်ချို့တွေကတော့ သူတို့ဆိုဒ်ကိုတစ်နေကုန်အပင်ပန်းခံပြီးပြူးပြဲရနေကြပါတယ်။ ကျွန်တော်အကောင်းဆုံး Malware scanner site တွေ share သွားမှာပါ။

http://adf.ly/OfObO မှာဖွင့်ပါ။ {ဒီမှာ} ကလစ်ပါဗျာ။ ပြီးရင် Scan လုပ်ပါ။ ခဏစောင့်ပါ။

ဒါက ကျွန်တော့် result ပါ။ Malware မရှိကြောင်းပြထားပါတယ်။ နောက်တစ်ပုံကြည့်ရအောင်

ဒါက Malware ရှိတဲ့ဆိုဒ်တစ်ခုကို scan ပေးထားတာပါ။ Deface အလုပ်ခံရရင်လည်း ဒီ scanner ကတန်းသိနိုင်ပါတယ်။ Malware ရှိပြီဆိုတာနဲ့ http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဖတ်ပါ။


http://adf.ly/OfT9G မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
ခု Software သမားတွေလည်း forum မှာသက်သေပြဖို့သုံးသလို Blogger site ပိုင်တဲ့သူလည်းသုံးသင့်ပါတယ်။ အောက်က ကျွန်တော့်ဆိုဒ်ကို scan လုပ်တာပါ။ Malware မရှိကြောင်း သက်သေပြပါပြီ။


http://adf.ly/Ofchc မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
 
Scan လုပ်ရင်တော့ကြာတယ်။ ဒါပေမယ့် စုံတယ်။ လုပ်ကြည့်ပါ။ အောက်ပါပုံက ကျွန်တော့်ဆိုဒ်ကို scan လုပ်ထားတဲ့သက်သေပါ။
ပထမ နဲ့ တတိယ Malware scanner ကိုကျွန်တော်ပိုပြီးနှစ်သက်ပါတယ်။ သေချာတယ်ဆိုတဲ့အထဲမှာပေါ့။ တခြား scanner တွေကိုလိုလိုမယ်မယ် share ထားမယ်လေ။ ကျန်တာတွေကတော့ သက်သေမပြတော့ပါဘူး။

http://adf.ly/Off3V
http://adf.ly/Ofg0M
http://adf.ly/Ofg70

Malware ဘယ်မှာရှိလဲသိပြီဆိုရင် http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဆက်ဖတ်ပါ။ အဆင်ပြေပါစေ။ လိုရင် update လုပ်ဦးမှာပါ။ :)

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Google+ commenting system ရဲ့ အကောင်းနှင့်အဆိုး

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။Google+ ကခုလူသုံးများတဲ့ သတင်းတစ်ခုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုတွေမသုံးကြပေမယ့် နိုင်ငံခြားမှာ အားလုံးနီးနီးသုံးနေကြတာကို ကျွန်တော်တို့သတိထားမိပါတယ်။ ကျွန်တော်ကတော့ Google+ ကိုခုထက်ထိမပြောင်းသေးပါ။
Blogger Profile ဟာ တဖြည်းဖြည်းနဲ့ စပျောက်ကွယ်ပြုပါပြီ။ Google+ ကို ဇန်န၀ါရီ ၁၁ရက် ၂၀၁၂ တွင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစပြီး Blogger user profile တွေဟာ Google + user profile အဖြစ်ပြောင်းလဲသွားပါတယ်။  Facebook လိုပဲ social ဆန်လာပြီး လှတယ်ဆိုပေမယ့်လည်း တချို့လူတွေက Blogger Profile ကနေ Google+ အဖြစ်ပြောင်းလဲရမှာကို အလွန်နှမြှောမိပါတယ်။ Google + ကတော့ Blogging သမားတွေအတွက် ကျောနောက်ခံဖြစ်လာတာပေါ့။
Spam ကို filter လုပ်ပေးတဲ့ ကောင်းကျိုးပါ။ Spammers တွေကိုလည်းကြောက်နေစရာမလိုပါဘူး။ ကာလာတို့ ဆိုက်တို့ လင့်တွေလည်းပေးလို့ရပါတယ်။ Backlink မပါဘူး။ သင့် Blog ရဲ့ Speed loading ကိုလည်းစိတ်ပူစရာမလိုဘူး။

WordPress မှာပေးတဲ့ automatic စာပြန်တာမျိုး Blogger commenting system မှာလုံးဝမရှိပါ။ OPENID အကောင့်နဲ့ Anonymous နဲ့ Name/URL နဲ့ spamming လုပ်နေကြပါတယ်။
Google+ ဟာ Facebook နဲ့အပြိုင်ရေပန်းစားနေတုန်းပါ။ Google+ ဟာနေ့ချင်းညချင်း နာမည်ကြီးပါတယ် ဘာလို့လဲဆိုတော့ Google ရဲ့ဌာနတစ်ခုမို့လို့ပါ။ Google+ ဟာ နေရာတိုင်းနီးနီးမှာအသုံးဝင်နေဆဲပါ။ Gmail အကောင့်ရှိရင် Google+ profile ကိုလုပ်ဖို့မခဲယဉ်းတော့ပါဘူး။
+1 ပေးလို့ရတယ်။ Blogging သမားတွေအတွက် သတင်းကောင်းတစ်ခုပါ။ Google+ commenting system ထည့်ရင် နာမည်မပါတဲ့သူတွေနဲ့မကြုံရတော့ပါဘူး။ +1 ပေးဖို့ပိုများမယ်။ Google+ သုံးစွဲသူ ပိုများလာမယ်။ Share လုပ်လို့ရမယ်။ Reply တွေလာရင် notifications တွေမှန်မှန်ပေးပါတယ်။ public ဖြစ်တဲ့ commenting အဖြစ်လည်းသုံးဆောင်လို့ရမှာပါ။ Google + profile ရှိရုံနဲ့ comment ပေးရတာရှယ်ပါပဲ။
Google+ မသုံးတဲ့ user တွေအတွက်တော့ အခက်အခဲကြုံရပါလိမ့်မယ်။ Comments တွေဟာ domain အသစ်ပြောင်းတာနဲ့ အဆင်မပြေတော့ပါ။ Stat (comment ပေးသူနှုန်း) တွေမှားနေပါလိမ့်မယ်[လောလောဆယ်ပါ]။ Google+ commenting system ကြောင့်သင့် Blog loading speed ထိခိုက်ပါလိမ့်မယ်။ Google+ commenting system ကြောင့် Blog loading speed မထိခိုက်စေချင်ရင် http://techinblogging.blogspot.com/2013/04/blogger-site.html မှာဖတ်ပါ။


Editor's desk >>>
Google+ commenting system ကောင်းတာမကောင်းတာ သင်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ ကျွန်တော်ကတော့ Google+ profile ကိုခုထက်ထိမပြောင်းရသေးပါ။ သင့် Blog speed ကိုမြှင့်တင်မယ်ဆိုရင် Home မှာ ပိုစ့် ၅ခုပဲထားပါ။ http://techinblogging.blogspot.com/2013/04/blogger-site.html မှာလည်း Blog မြန်ဆန်အောင်လုပ်နည်းဖတ်ပြီး လုပ်ပါ။ အဆင်ပြေပါစေ။ :)


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Sunday, 5 May 2013

Template ကိုသွားပြင်မယ်ဆိုရင် error မဖြစ်လေအောင် [Blogger only]

 မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ယခင်က ကိုဘလော့ခရီးသည် ရေးခဲ့တဲ့ ဒီပိုစ့်နဲ့ ဆက်ဆက်တဲ့ error အချို့တွေ ကြုံဖူးတဲ့သူရှိမှာပါ။ ကျွန်တော်ကတော့ တခြားစက်မှာလည်း ဒီလိုပဲကြုံခဲ့ရပါတယ်။ ကျွန်တော်ခု Template ကိုသုံးတဲ့ editor အသစ်ကိုပိုကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကုဒ်မှားရင် အနီရောင်ပြပေးတဲ့အတွက်ပါ။
ကျွန်တော်တို့ Template ကုဒ်ပြင်တဲ့အချိန်မှာ အခက်အခဲရှိပါတယ်။ Loading အပြည့်တော့ပြီးပြီ ဒါပေမယ့် ကုဒ်လုံးဝ မလာဘူး။ Cursor ချမရတဲ့အခက်အခဲ ကိုရှင်းမယ့်နည်းရှိပါတယ်။ လုံးဝမခက်ခဲပါ။ အောက်ပါပုံကိုကြည့်လိုက်ပါ။ ဖြစ်ဖူးတဲ့သူကတော့ သိမှာပါ။ :D

သင့်ရဲ့ Keyboard မှာ F11 ကိုရှာပြီး နှိပ်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
နောက်ပြီး F11 ကိုပြန်နှိပ်ပါ။ နဂိုအတိုင်းပြန်ဖြစ်သွားပါပြီ။ အဆင်ပြေပါစေ။
Editorial desk >>
အသစ် Template ပြင်တဲ့ပုံစံကတော့ ပိုကောင်းတယ်လို့ကျွန်တော်တို့ထင်ပါတယ်။ အားလုံးပဲ Template အစားထိုးခြင်း ဖျက်ခြင်း၊ အသစ်ထည့်ခြင်းများအဆင်ပြေကြပါစေဗျာ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Friday, 3 May 2013

Facebook Page တစ်ခုဖြစ်လာအောင်ဖန်ဆီးတည်ဆောက်ခြင်း

မင်္ဂလာပါ။ Tech in Blogging 's Facebook စာမျက်နှာမှာ Facebook စာမျက်နှာလုပ်နည်းကိုမေးနေလို့ ခုလိုအဖြေပေးလိုက်ပါတယ်ဗျာ။ သိတဲ့သူတွေအတွက်တော့ ဒါတွေက မစိမ်းပါဘူးဗျာ။



http://adf.ly/OFtWu ကိုသွားပါ။ {ဒီမှာ} ကလစ်ပါ။

သင်တို့ဒီစာမျက်နှာကိုရောက်သွားပါလိမ့်မယ်။ ဘာဆက်လုပ်ရမလဲဆိုတော့ ဆက်ဖတ်ကြည့်ပေါ့။
Website သမားတွေရဲ့အကောင်းဆုံးနေရာကတော့ Band or Product ကိုရွေးပါ။ ကျွန်တော် ၀ိုင်းပေးထားပါတယ်။
ပြီးတော့ သင်ပေးချင်တဲ့အမည်ရယ် Page အမျိုးအစားပေးပေါ့ ။ ကျွန်တော်က Internet/Software လို့ပေးထားပါတယ်။
ပုံတင်ဖို့ဆိုရင် Upload From Computer ကိုကလစ်ပါ။ သင်နှစ်သက်ရာပုံတင်နိုင်ပါသည်။ မတင်ချင်ရင် Skip ကို တန်းကလစ်ပါ။
ဒုတိယအဆင့် About ကိုရောက်ပြီဗျာ။ Please provide some basic info about Page name bar. မှာ သင် သင့်တော်သလိုရေးပါ။ For example: your website, Twitter page or Yelp link မှာ သင့်ရဲ့ ၀ဘ်ဆိုဒ်ရေးပါ။ (ဥပမာ- http://techinblogging.blogspot.com)
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့ box က Facebook page address ပါ။ အဲ့ဒါရှိရင် အလွယ်တကူဝင်လို့ရပါတယ်။ ဒါပေမယ့် နောက်တစ်ခါပြောင်းလို့မရတော့ပါဘူး။ ဥပမာ ကျွန်တော့်ရဲ့ Facebook page link က http://www.facebook.com/TechinBlogging ပါ။ အနောက်က သင့်ရဲ့ address လေးဖြစ်ပါတယ်။ အဲ့ဒီ address ကိုနောက်တစ်ခါပြောင်းခွင့်မရပါဘူး။ Address မသုံးချင်ဘူး ရိုးရိုးဆိုရင် Skip ကိုကလစ်လိုက်ပါ။
ခုတော့ အောင်မြင်စွာရပါပြီ။ သင့်ရဲ့ Page အသစ်တစ်ခုတည်ဆောက်ပြီးပါပြီ။
တန်ဆာဆင်ဖို့ဆိုရင်တော့ ကိုယ်ဘာသာကိုယ်လုပ်ကြပေါ့ဗျာ။ Facebook Timeline တို့ကတော့ ကိုယ့် profile မှာအလှဆင်သလိုပါပဲ။ :) . ကျွန်တော့်ရဲ့ Facebook စာမျက်နှာလေးကိုလည်းလာလည်ပါဦး။ http://www.facebook.com/TechinBlogging ဖြစ်ပါတယ်။


ဒီပိုစ့်နှင့် သက်ဆိုင်သောပိုစ့်များ >> သင့်Blogက ပိုစ့်တွေကို Google+ တွင် Automatic ရောက်အောင်လုပ်နည်း (WordPress only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only) [Part-2]


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Thursday, 2 May 2013

Tech in Blogging မှ Website ၏လိုအပ်ချက်များကိုဖြည့်ပေးနေဆဲ

မင်္ဂလာပါ။ Tech in Blogging မှသင့်တို့၏လိုအပ်များကို ဖြည့်ပေးဖို့ နည်းလမ်းအချို့တွေ share လိုက်ပါမယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ ပြင်ပေးခဲ့သောဆိုဒ်အချို့တွေလည်း သည်နေရာမှာ ဖော်ပြမှာဖြစ်ပါတယ်။ နောင်လည်း ကျွန်တော်တို့ ပြင်ခဲ့တဲ့ဝဘ်ဆိုဒ်တွေကိုလည်းဖော်ပြဦးမှာပါ။



၂၀၁၃ မတ်လအစောပိုင်းတုန်းက ဒီ page လေးလုပ်ခဲ့တာပါ။ အမှန်တော့ Blogger ဆိုဒ်မဟုတ်ပါဘူး။ Hosting ဆိုဒ်တစ်ခုနဲ့ ကျွန်တော်က ဒီဇိုင်းရေးပေးထားခြင်းဖြစ်ပြီး Technological Villa မှ အစ်မဆုရတနာက contact စာမျက်လေးရေးခဲ့တာဖြစ်ပါတယ်။ ယခုတော့ ကျွန်တော်လင့်အစစ်ကိုမပြရတဲ့ အကြောင်းအရင်းမှာ Technological Villa ရဲ့ပိုင်ရှင်စက်ကပျက်သွားလို့ ခုထက်ထိ မတင်ရသေးတာဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာ ဘလော့လေးလာလည်ပါဦးဗျာ။ Support us ဆိုတဲ့စာမျက်နှာက လောလောဆယ်မပြသေးပါ။





ဘလော့ခရီးသည်ကို လူတိုင်းနီးနီးသိပါတယ်ဗျာ။ သူကလည်း နာမည်ကြီးဘလော့ဂါတစ်ယောက်ထဲမှာပါတယ်။ သူက ကျွန်တော့်ရဲ့ [သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ] ကိုဖတ်ပြီး ကျွန်တော့်ကိုအကူအညီတောင်းပါတယ်။ ကျွန်တော်က သူ့ရဲ့ site template ကိုမပြင်ပါ။ ကျွန်တော်သတိထားမိတာက သူ့ရဲ့ Blog site လေးဖွင့်လိုက်တိုင်း ညာဘက်က sidebar လေး ဟမ်းနေတာကိုသတိထားမိပါတယ်။ ၂၀၁၃ခုနှစ် ၁ရက်နေ့ မေလ မှာတော့ အောင်မြင်စွာ ဆိုဒ်ကိုအတတ်နိုင်ဆုံးမြန်အောင်လုပ်ပေးထားခဲ့ပါတယ်။




ကျွန်တော်(YGNBlogger)ရဲ့ဆိုဒ်လည်း ဖြစ်ခဲ့သလို ခုတော့ မပိုင်တော့ပါဘူး။ ခု Ben Yaung ကို Co-founder အဖြစ်လွှဲထားပါတယ်။ Ben Yaung ပိုင်နေတဲ့ Blog လေးပါ။ သူ့ဆိုဒ်လေးက Gaming နဲ့ပတ်သတ်တာတွေပါ။ အထူးသဖြင့် Counter-Strike ပါ။ Counter Strike Online-Myanmar လို့အမည်ရထားပါတယ်။


*Last updated : 2/5/2013


နှင့်... အခြားစိတ်ဝင်စားစဖွယ် ခေါင်းစဉ်များ


Tech in Blogging မှ ဒီဇိုင်းနှင့် ဆိုဒ်မြန်ဆန်မှုကို ဈေးနှုန်းသက်သာစွာဖြင့်ရေးဆွဲပေးနေပါပြီ။ ကျွန်တော်တို့ရေးဆွဲပေးသော ဆိုဒ်အမျိုးအစားများမှာ - Dreamweaver | Blogger | Flash Website တို့ဖြစ်ပါတယ်။ လူကြီးမင်းတို့ပိုင်ဆိုင်သော ၀ဘ်ဆိုဒ်တွေဝင်ရလေးနေရင် ၀င်ရသူတိုင်းပေါ့သွားအောင် သင့်တော်သော ဈေးနှုန်းဖြင့် Optimize လုပ်ပေးသည်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Tuesday, 30 April 2013

Malware Warnings ကိုသင့် Blog site ကနေဖျက်မယ် (Blogger only)

မင်္ဂလာပါ  Tech in Blogging မှ လိုလိုမယ်မယ် topic တစ်ခုရေးလိုက်ပါတယ်။ Malware ဆိုတာကလည်း ဗိုင်းရစ်တစ်မျိုးပါပဲ။ အဲ့ဒါရှိရင် Blogger လည်းလက်မခံပါဘူး။ သင့် Blogger site က Malware အဖြစ်မှတ်ခံရပြီး အပိတ်ခံရရင် ပိုဆိုးပါလိမ့်မယ်။ ဘယ်လိုလဲဆိုတော့ ဖုန်းနံပါတ်နဲ့ပြန်ဖွင့်ပြီး ဖျက်နေရတာပါ။


Malware ဆိုတာကတော့ Website တွေမှာရှိပါတယ်။ သူတို့ကတော့ virus အမျိုးစားတစ်မျိုးပေါ့။ Website မှာ ရှိပြီဆိုရင် စာဖတ်သူတွေရဲ့စက်ကော၊ စာရေးသူတွေရဲ့စက်ပါထိခိုက်လာပါပြီ။ ကိုယ်မသိရင်တော့ ထိခိုက်တာပေါ့ဗျာ။



ဖြုတ်မယ်ဆိုရင်တော့ Google Chrome ကိုသုံးပါဗျာ။ စစ်ကြည့်ပါ။ သင့်ဆိုဒ်မှာရှိမရှိ။ ဒါကအကောင်းဆုံးပါ။ ကဲ။ ဥပမာ အနေနဲ့ micronarratives.blogspot.com မှာ virus ပါတယ်ပဲဆိုပါတော့ ကဲ ဘာလို့ပါလဲဆိုတာကိုဆက်ကြည့်ရအောင်။
Content from www.c4service.politecalab.org ဆိုမှာပေါ့။  တစ်ခုခုစစ်ရင် Content from အနောက်လင့်ကိုစစ်ပါ။

ဘယ်လိုရှင်းထုတ်မလဲ

သင်ဆိုဒ် templates (သို့မဟုတ်) layout မှာ Ctrl + F ကိုသုံးပြီးရှာပါ။ တွေ့တာနဲ့ ချက်ချင်းဖျက်ချပါ။ ဒါဆိုရင် အဲ့ဒီ warning ကြီးပျောက်သွားပြီဖြစ်ပါပြီ။ သင်တို့ Blogger site လေး ဘာမှမဟုတ်တဲ့အပြစ်လေး ကနေ ရှောင်ရှားနိုင်ကြပါစေ။


Blogger ဆိုဒ်ပိုင်ဆိုင်သူများအတွက် => သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 29 April 2013

သင့်Blogက ပိုစ့်တွေကို Google+ တွင် Automatic ရောက်အောင်လုပ်နည်း (WordPress only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုလျက်ပါ။ ခု Google+ ကိုနိုင်ငံတကာအသုံးများပေမယ့် မြန်မာ မှာတော့ အသုံးနည်းပါသေးတယ်။ ခု WordPress Hosting ဆိုဒ်ရှိတဲ့သူတွေအတွက် သတင်းကောင်းပြောပြပါဦးမယ်ဗျာ။ ကျွန်တော်လည်း ရှိခဲ့ဖူးပါတယ်။ အရင်က WordPress စကိုင်တာပေါ့။ ဒါပေမယ့် Blogger ပဲပိုကြိုက်တယ်။
Google + မှာ Manually တင်ရမှာရှုပ်တဲ့သူတွေ၊ ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက် သတင်းကောင်းလေးပါ။ auto ပေးလိုက်ရင် မည်သူမဆို လွယ်ကူမှာပါ။ Google + ဟာ ခု Facebook လိုပဲ နာမည်ဟိုးဟိုးကျော်နေပါတယ်။



  • Facebook မကိုင်သူတွေအတွက် Google + မှာအလွယ်တကူယူလို့ရပါတယ်
  • သင့်ကိုလာအပ်တဲ့ circle တွေပိုများမယ်
  • စာဖတ်သူတွေရဲ့ Google + မှာအလွယ်တကူဖတ်လို့ရတယ်
  • Twitter မကိုင်သူတွေအတွက် Google + မှာအလွယ်တကူယူလို့ရပါတယ်



  • Facebook လိုပုံတန်းပါခြင်း
  • သင်ပိုစ့်တစ်ခုတင်တာနဲ့ Google + ပေါ်တန်းရောက်ပြီဗျာ
  • PHP Script နဲ့ ချိတ်ထားတဲ့အတွက် အိုခေတယ်
ကဲ။ WordPress hosting ကိုင်တဲ့သူအတွက်ပဲနော်။ သတင်းထူးဆိုတော့ အားလုံးသိအောင် မျှပေးစေချင်ပါတယ်။ အောက်က orange button လေးနဲ့ ဟာလေးကို ကလစ်လိုက်နော်။ အောက်ကလင့်ကိုကလစ်ပါ။


Download ဆွဲပြီးတော့ Install လုပ်ပါဗျာ။ ဒီစာမျက်နှာပေါ်လာလိမ့်မယ်။ Google Plus Email Address : မှာ သင်သုံးနေတဲ့ gmail အကောင့် ထည့်ပါ (Google+ ရှိမှဖြစ်မယ်)။ Password ကတော့ သင့်ရဲ့ gmail password ပေါ့။ ပြီးရင် Save ကိုကလစ်ပါ။
Save ကိုကလစ်ပြီးရင် ဒီလိုပေါ်မယ်ဗျာ။ ဟီး။ အီးမေးလ်နဲ့ Password မပြတာကိုစိတ်မရှိပါနဲ့။
ပြီးတာနဲ့ Publish this post to Google Plus? အောက်မှာ Yes ကိုပေးပါ။ Message for Google+ Post (use google+ markup) က သင်တို့သင့်တော်သလိုရေးလို့ရပါကြောင်း။
ပြီးပါပြီ။ သင်ပိုစ့်တစ်ခုတင်ကြည့်ပါ။ သင့်ရဲ့ Google+ မှာရောက်နေတာကိုတွေ့ရပါလိမ့်မယ်။ အဆင်ပြေပါစေ။

ဒီပိုစ့်နှင့် ဆက်ဆက်ရာ ပိုစ့်များဖတ်ကြည့်ပါ => သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only) [Part-2]


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.