
ကျွန်တော်၏အမည်သည် YGNBlogger ခေါ် ရန်ကုန်သားဘလော့ဂါဖြစ်ပါသည်။ ဇာတိမှာ ပဲခူးမှဖြစ်ပြီး ယခုလက်ရှိ နေထိုင်သောမြို့မှာ ရန်ကုန်မြို့ဖြစ်ပါသည်။ လူမျိုးမှာ တရုတ်/မြန်မာ ဖြစ်ပါသည်။ ကျွန်တော်သည် Tech in Blogging မှာစာရေးနေရုံမက လက်ရှိစာလိုက်ရေးပေးနေသော ဆိုဒ်မှာ မြန်မာအိုင်တီမြို့တော် ၊ ဘလော့ခရီးသည် ၊ Counter-Strike Online မြန်မာ ၊ Technological Villa ၊ အောင်လေး (နည်းပညာ) ၊ IT CRAZY BOY တို့တွင်ရေးပေးနေလျက်ရှိပါသည်။ ကျွန်တော် ဒီဇိုင်းလုပ်ပေးခဲ့သော ဆိုဒ်များကို သည်နေရာတွင် ကြည့်ရှုနိုင်ပါသည်။ ယခု ကျွန်တော့်၏အသက်သည် ၁၅နှစ်ဖြစ်ပါသည်။ ကျောင်းတက်နေဆဲဖြစ်ရ်ျ Posts ရေးခြင်းနောင်များတွင် အနားယူမည်ဖြစ်ပါသည်။
Tech in Blogging မှ ရည်ရွယ်ချက်
မြန်မာလိုရေးပြီး ကိုယ့်ဘာသာကိုယ်ထွင်ထားတဲ့ Widgets တွေကို အများသိလိုခြင်းငှာ ကျွန်တော်တို့ ဝေမျှခြင်းဖြစ်ပါတယ်။ အထူးသဖြင့် Blogger နည်းပညာ ၊ WordPress နည်းပညာတို့ကို share ခြင်းဖြင့် စာဖတ်သူတွေကို အကျိုးဆောင်စေပါတယ်။ ဒါတွေအားလုံးဟာ နောင်ကျွန်တော်တို့ထက်ငယ်တဲ့ မျိုးဆက်တွေနဲ့ ယခုလက်ရှိရှိတဲ့သူတွေသိဖို့အတွက်ပါ။ အိုးကောင်းရဖို့ နာရသလို ကျွန်တော်တို့လည်း နည်းပညာအကောင်းဆုံးရဖို့ အချိန်တွေကို ပေးဆက်နေရပါတယ်။ ဘာမှအလွှဲသုံးစားလုပ်ဖို့မဟုတ်ပါဘူး။ သင်ဒီက Post တစ်ခုကို တခြား Website မှာဝေမျှလိုရင် Credit ပေးပါ။ လူအများစုက Credit မပေးဘဲနဲ့ ပြန်ဝေမျှနေတာကို ကျွန်တော်တွေ့နေရပါတယ်။*Last updated on : 17/5/2013