Showing posts with label Hacking. Show all posts
Showing posts with label Hacking. Show all posts

Saturday, 24 August 2013

Facebook ပေါ်တွင်လှုပ်ရှားနေသောပုံများတင်နည်း (Ebook မြန်မာလို)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ Facebook ပေါ်မှာထုံးစံအတိုင်း gif ပုံ animation ပုံတွေတင်လို့မရပါဘူး။ တင်လို့ရအောင်လည်း Facebook ကလက်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ တင်လို့ရအောင်လုပ်တဲ့နည်းရှိပါတယ်။ အဲ့နည်းကိုတော့ အတိအကျ သိချင်ရင်တော့ အောက်ပါလင့်တွေအတိုင်း Ebook ကို Download ဆွဲလိုက်ပါ။ ကျွန်တော်စုစည်းဝေမျှထားတာဖြစ်ပါတယ်။ အဆင်ပြေပြီး နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတို့ဆိုဒ်မှာလည်း ဝေမျှလိုက်ပါဦးနော်။

Download => Link 1 / Link 2
I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Wednesday, 14 August 2013

WordPress ဆိုဒ်အစစ်အမှန်ဟုတ်မဟုတ်စစ်ဆေးနည်း (WordPress only)


မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ အခုတလော WordPress ဆိုဒ်နဲ့ Blogger တို့ဟာ တော်တော်များများတူနေကြပါတယ်။ တချို့ဆိုရင်လည်း မသဲကွဲပါဘူး။ login page တောင် အမှန်မဖော်ထားပေမယ့်  WordPress ဆိုဒ်အစစ်အမှန်ဆိုတာကို စပ်စုချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးပေးလိုက်ပါမယ်ဗျာ။ ကဲစလိုက်ကြစို့။

1) Mozilla Firefox ဖြင့် code ကိုရှာဖွေခြင်း (အလွယ်ဆုံးနှင့် အများဆုံးဖြစ်နိုင်ချေ)

စာဖတ်ပရိသတ်အားလုံးပဲဗျာ။ Mozilla Firefox နောက်ဆုံးပေါ်ကိုသာသုံးပြီး Code ကိုရှာဖွေရင် ပိုလွယ်မယ်လို့ ကျွန်တော် မှတ်ချက်ချမိပါတယ်။ ဒါကတော့ ကျွန်တော်သိချင်တဲ့ WordPress ဆိုဒ်တစ်ခုပေါ်မှာပါ။ (ဥပမာ - mobilemyotaw.tk) ဆိုပါတော့။ Right Click ကိုကလစ်ပြီး Inspect Element (Q) ကိုကလစ်ပါ။


Web Console ကိုကလစ်ပါ။

ကျွန်တော်ကတော့ wp- နဲ့ရှာလိုက်ပါတယ်။ အဲ့လိုထွက်လာရင် သေချာတယ်။ WordPress လို့သာ မှတ်လိုက်တော့။ မယုံရင် Blogger ကိုစမ်းကြည့်ပါ။ ဘာ code မှပေါ်လာမှာမဟုတ်ပါဘူး။ အောက်က ကုဒ်တွေနဲ့သာ စမ်းကြည့်ပါ။

wp-
wp-content
wp-includes



2) Google Chrome ဖြင့် code ကိုရှာဖွေခြင်း (အလွယ်ဆုံးနှင့် အများဆုံးဖြစ်နိုင်ချေ)

Google Chrome ရှိဖို့လိုပါတယ်။ Mozilla Firefox ထက်ပိုပြီးလွယ်ပါတယ်ဗျာ။ Right click ကလစ်ပါ။ ပြီးတာနဲ့ Inspect Element ကိုကလစ်ပါ။
ဒီလိုမျိုးပေါ်လာပါလိမ့်မယ်။ အဲ့က code တစ်ခုကိုကလစ်ပါ။
ပြီးတာနဲ့ Ctrl + Fကိုကလစ်ပြီး wp- လို့ရှာကြည့်ပါ။ ပေါ်လာလိမ့်မယ်။ အောက်ပါအတိုင်းရှာကြည့်ပါ။ ဒါဆိုရင် စစ်ဆိုတာသေချာပါပြီ။

wp-wp-contentwp-includes


ဒါကတော့ Hacking ပညာလေးတစ်ခုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဟက်ကာမဟုတ်ပါဘူးလို့ ပြောထားစေချင်ပါတယ်။ အကူအညီလိုရင် ဒီမှာ ဆက်သွယ်လိုက်ပေါ့နော်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Saturday, 18 May 2013

Facebook Profile နှင့် Page ရဲ့ ID ကိုရှာဖွေရအောင်

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုလျက်ပါ။ ကျွန်တော်ယခု Facebook မှာ ID ရှာချင်တဲ့ကိုကိုမမကြီးတွေအတွက် အလွယ်ဆုံးနည်းလေးပေးလိုက်မယ်ဗျာ။
ဥုံဖွ။ သိပြီးတဲ့သူတွေလည်းသိပြီးလောက်ပါပြီ။ ခု spy ဖမ်းမယ်ဗျာ။ သင်လိုချင်တဲ့ Profile (သို့မဟုတ်) Page ကို ထည့်ပါ။ ပြီးလျှင် Get Facebook ID ကိုသုံးပါ။ ကျွန်တော့်ဟာက TechInBlogging ပဲဆိုပါတော့ အဲ့မှာထည့်ပြီး Get Facebook ID ကိုကလစ်လိုက်တာနဲ့ ID ထွက်လာပါတယ်။ တကယ်အလုပ်လုပ်ပါတယ်။ စမ်းကြည့်ပါ။ ပြီးရင် သင့်စစ်ခဲ့တဲ့ နံပါတ်ကို www.facebook.com/သင့်ရဲ့နံပါတ် အဖြစ်ရိုက်ထည့်ပြီးစမ်းပါ။ ဘယ်လိုဖြစ်မလဲဆိုတော့ စောင့်ကြည့်ပေါ့။ :D

Virus ရှိသောကြောင့် ဖျက်လိုက်ပါပြီ။ :D အရင်က စမ်းသပ်ခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Editor's tips ►
အပျော်သက်သက်ပါ။ ဘာမှမထိခိုက်ပါဘူး။ အာမခံပါတယ်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 13 May 2013

သင့်Blog ဖွင့်တိုင်း Adult content စာမျက်နှာကြီးမလာလေအောင် (Blogger only)



မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ၀င်လို့မရတဲ့ Blogger ဆိုဒ်တွေကို ကျော်မယ်ခွမယ် ကို ကျွန်တော်တို့ တင်ပေးခဲ့ပြီးလေဖြစ်ပါတယ်။ ကျွန်တော်အရင်က လက်ကလိတော့ အဲ့လိုဖြစ်သွားပါတယ်။ ခုတော့ အဆင်ပြေပါပြီ။ အဲ့မှာ I UNDERSTAND AND I WISH TO CONTINUE နဲ့ I do not wish to continue ဆိုတာကိုပြပါတယ်။ အောက်ကပုံဆိုရင်တော့မြင်ဖူးပါလိမ့်မယ်။ ကျွန်တော်တို့ ကွန်နက်ရှင်မကောင်းတဲ့နေရာမှာဆိုရင် ဒီလိုခဏခဏပေါ်နေရင်တော့ ၀င်ရသူအားလုံးခက်ခဲပါတယ်။


http://www.blogger.com/ ကိုသွားပါ။ မ၀င်ရသေးရင် Sign in လုပ်လိုက်ပါ။
သင် Porn ဆိုဒ်လုပ်နေတဲ့ ဘလော့မှာ Settings >> Other ကိုသွားပြီး  Adult Content ကိုတွေ့အောင်ရှာပါ။ Adult Content? ရဲ့ညာဘက်မှာ Yes အစား No ပေးလိုက်ပါ။ ဒါဆိုရင်အဆင်ပြေပါပြီ။
Editor's desk ►
အဲ့ဒါက လက်ကလိမိတဲ့သူတွေအတွက်ပါ။ လာလည်တဲ့သူတွေအတွက် အနှောင့်အယှက်ပျက်သွားပေမယ့် သင့် porn blog site ဟာ Blogger မှ Remove လုပ်သွားပါလိမ့်မယ်။ ကိုယ့်ဘာသာ ကိုယ်ချိန်ပြီး လုပ်ပါ။ ဆင်ခြင်တွေးတောတတ်ပါစေ။



I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Saturday, 11 May 2013

ဝင်လို့မရတဲ့ Blogger ဆိုဒ် တွေကိုကျော်မယ်ခွမယ်

မင်္ဂလာပါ။ ယနေ့အတွက် ACCESS DENIED ဆိုတဲ့အရှုပ်အထုပ်လေးတွေကိုရှင်းမယ့်နည်းကို Tech in Blogging မှရှာတွေ့ခဲ့ပါတယ်ဗျာ။ Software လည်းမလို Proxy လည်းမလိုတဲ့နည်းလေးပါ။ လူတိုင်းလည်းသိလောက်မှာပါ။ ဒါက မြန်မာနိုင်ငံအတွက်ပါ။



ဥပမာ - techinblogging.blogspot.com က၀င်လို့မရဘူးဆိုရင် techinblogging.blogspot.com.au လို့ပေးပြီးဝင်ကြည့်ပါ။ ACCESS DENIED မဖြစ်တောပါဘူး။

.com.au တင်မကပါဘူး။ တခြားနည်းလမ်းလည်းသုံးလို့ရပါတယ်။  .blogspot.in နဲ့လည်းဝင်လို့ရပါတယ်။  .co.uk လည်းအပါအ၀င် တခြား extenstion နဲ့ try လို့ရပါတယ်။ ဒါပေမယ့် .blogspot. ဆိုတာပါပါစေ။ Porn blog site ကိုထိုနည်းနဲ့ဝင်လျှင် ရောက်သွားနိုင်ပါတယ်။  ဒါပေမယ့် မကောင်းတဲ့နေရာမှာလုံးဝမသုံးပါနဲ့လို့ ကျွန်တော်တို့အကြံပေးချင်ပါတယ်။

Editor's tips ►
Software မလိုတဲ့အတွက် သင့်အတွက်အရမ်းအသုံးဝင်မှာပါ။ စက်လည်းမထိခိုက်ပါဘူး။ ဒါဆိုရင် သင်လွတ်လွတ်လပ်လပ် ကြည့်လို့ရပါပြီ။ Blog removed အလုပ်ခံရရင်တော့ ကျွန်တော်နဲ့မဆိုင်တော့ဘူးဗျာ။ အဆင်ပြေပါစေ။


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 22 April 2013

တစ်ချိန်တုန်းက Social networking ဆိုဒ်တစ်ခုဖြစ်ခဲ့တဲ့ www.Multiply.com

မင်္ဂလာပါ။ ခုဒီစာလေးကိုဖတ်တဲ့ သူငယ်ချင်းတွေလည်း Multiply website ကဖြစ်ကောင်းလည်းဖြစ်နိုင်ပါလိမ့်မယ်။ Tech in Blogging မှ www.multiply.com ရဲ့တစ်ချိန်တစ်ခါက ဘာလေးဖြစ်ခဲ့တယ်ဆိုတာကိုပြောပါဦးမယ်။ သမိုင်းလေးကို ရှာရှာဖွေဖွေလေးပေါ့။


၂၀၀၉ ခုနှစ်တုန်းက Multiply စသုံးခဲ့ပါတယ်။ အဲ့အချိန်တုန်းကဆိုရင် Blogger တို့ WordPress တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ACCESS DENIED ဖြစ်ခဲ့ပါတယ်။ လူတိုင်းက Blog တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ် ကျွန်တော်လည်း အပါအ၀င်ပေါ့။ ကျွန်တော့်မှာအားကျတဲ့ ဆရာတွေရှိပါတယ်။ အရင်ကဆိုရင် kp3family၊ ညီနေမင်း၊ ဇောင်း၊ ကိုဇော် တို့ပေါ့။ သူငယ်ချင်းတွေက Multiply သုံးတော့ ကျွန်တော်လည်းသူတို့မျှားခေါ်တဲ့နေရာကိုရောက်သွားပါတယ်။

အဲ့ဒီကိုရောက်တော့ ကျွန်တော်က ကိုဇော်တို့ ကိုဇောင်းတို့ရဲ့အရည်အချင်းကို အားကျတော့ လိုက်တုမိပါတယ်(ကျွန်တော်လူတော်ခုထက်ထိမဖြစ်သေးပါ)။ နောက်တော့ Multiply ဟာဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတော့တယ်။ Facebook လိုပဲ တစ်ယောက်နဲ့တစ်ယောက်ခင်ရအရမ်းလွယ်ပါတယ်။ ကိုယ်ပိုင်တဲ့ Blog လိုပဲ  ဆိုဒ်လေးကို အလှဆင်လို့ရပါတယ် [ချွင်းချက်။   ။ Javascript မပါ]။ တစ်ခုကောင်းတာက တခြားဆိုဒ်တွေလို phishing လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ပိုစ့်လေးတွေလည်း ဝေမျှရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် Blogger တို့ WordPress တို့နဲ့ဆန့်ကျင်ဘက်တွေအရမ်းများပါတယ်။

လူတိုင်းချစ်ပြီး ကိုင်လို့ကောင်းတဲ့ Multiply platform လေးဟာ ၂၀၁၂ ဒီဇင်ဘာမှာ ပျောက်ကွယ်မယ်လို့ ကြားသိခဲ့ရပေမယ့် ၂၀၁၃ မှာတော့ Philippines တို့ရောင်းဝယ်ရာ online ဈေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။


 Multiply ကိုတည်ထောင်ခဲ့တဲ့ Stefen Magdalinski

Multiply အသက်ဝင်တဲ့အချိန်က ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လေးအမြစ်ပေါက်တဲ့ နှစ်က နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၀၀ ခုနှစ်ပါ။ တည်ထောင်သူကတော့ Stefan Magdalinski (အထက်ပါပုံ) ဖြစ်ပါတယ်။ Multiply ရဲ့တည်နေရာကတော့ Singapore ဖြစ်ပါတယ်။ သူတို့က Philippines ကိုအဓိကချိတ်ဆက်ထားတာပါ။ အစကတော့ social networking နဲ့အတူ စီးပွားဖြစ်ဖို့အတွက် တည်ထောင်လိုက်တာပါ။ အရင်တုန်းကတော့ MSN ကို Microsoft ကပယ်မှာမို့ Multiply က အသက်သွေးကြောအဖြစ် ကယ်တင်ထားခဲ့တာပါ။


ဖြစ်ခဲ့ပါတယ်။ အပေါ်က logo လေးက အရင်က Multiply လေးပါ။ အဲ့ဒီ logo ရဲ့အဓိပ္ပါယ်က လူမှုကွန်ယက်နှင့် မိတ်ဆွေဖွဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဘလော့တင်မကပါဘူး။ သီချင်း၊ ဗီဒီယို၊ စာတို၊ ဓာတ်ပုံပါတင်လို့ရပါတယ်။ တစ်မူထူးခြားတာက တင်ပြီးရင်သူများ Email ကို Subscribe လုပ်ပေးလို့ရပါတယ်။ Multiply ကိုဆိုဒ်ကလေးအဖြစ်ဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ မိသားစုအဖြစ်နဲ့လည်း ပေါင်းလို့ရပါတယ်။ ပြီးတော့ ၀င်ရတာအလွန်လွယ်ကူလှပါတယ်။

၂၀၁၃ Multiply အထက်ပါ logo ကတော့ လုံးဝအသုံးမကျတဲ့ logo ပါ။ အရင်ကအသက်ရှင်နေတဲ့ Multiply users များကို ကစ်လိုက်တဲ့ logo ပါ။ Indonesia နဲ့ Philippines အတွက်ပဲရပါတယ်ဆိုဘဲ။ ၂၀၁၃ မှာ ပြောင်းလဲသွားတဲ့ Multiply အကြောင်းကို နိဒါန်းမရေးပါဘူးဗျာ။

India ၊ Indonesia ၊ Philippines ၊ USA ၊ Pakistan ၊ Thailand တို့ဖြစ်ပါတယ်။ အများစုက India ပါ။

မိသားစုပုံ၊ သားသမီးပုံ၊ အမှတ်တရပုံ၊ ကာတွန်းပုံတွေလူအသုံးများပါတယ်။ သီချင်းတွေကိုတော့မတင်ဖြစ်ဘူး။ နည်းပညာတို့ မှတ်စုတိုလေးတွေ စုဆောင်းတဲ့နေရာအဖြစ် Multiply ကအသုံးဝင်ခဲ့တာပါ။ ပြီးတော့ ဒီမိုကရေစီခေတ်မတိုင်မီတုန်းကဆိုရင် proxy ကျော်ဖို့အခက်အခဲရှိတာကြောင့် အသုံးများတာပါ။ နောက်တစ်ခုက အရင်က ACCESS DENIED ကြောင့်မြန်မာနိုင်ငံမှာ Blogger, WordPress ဆိုတာ သုံးမရလို့ Multiply ကဘလော့အဖြည့်ခံအဖြစ်နဲ့ social networking ကိုထိုးဖောက်လာတာပါ။ မိသားစုလည်း ဖွဲ့လို့ရတယ်ဆိုတဲ့ Multiply ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် communication လုပ်ရအလွန်လွယ်ကူပါတယ်။ HTML တို့ CSS တို့ရေးရတာအလွန်လွယ်ကူလှပါတယ်။ share လုပ်ရတာ လွယ်ကူလှပါတယ်။

သူက Blogger လို Javascript မရပါဘူး။ Custom domain မရပါဘူး။ Free နဲ့ Premium service နဲ့လည်း ခွဲခြားထားပါသေးတယ်။ နောက်ပိုင်းတော့ shopping service ထွက်လာတဲ့အတွက် ဆိုဒ်ပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း ချို့ယွင်းလာခဲ့ကြပါတယ်။



ဒီ Graph က ဖေဖေါ်ဝါရီလ ၂၀၁၃တုန်းက နေ ယခုဧပြီလအထိ Alexa မှဖော်ထုတ်ထားတဲ့ result ပါ။ March ၂၃ရက်နေ့ ၂၀၁၃ မှာ ကျွန်တော်တို့ချစ်တဲ့ International Multiply ကြီးဟာ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အသုံးပြုဦးရေဟာ တစ်ရှိန်ထိုးကျဆင်းသွားပါတယ်။ Philippines နဲ့ Indonesia အတွက်ပဲဖြစ်ပါတယ်။ ခု  Philippines နဲ့ Indonesia  တို့ IP နဲ့ပဲဝင်လို့ရပါမယ်။ Multiply ကို sign up လုပ်ရင် ကျွန်တော်ပေးတဲ့လင့်နဲ့ဖောက်ဝင်ပါ။

ဒီ proxy တွေကိုသုံးပြီး login ကိုဝင်လို့ရအောင်ပါ။ Hack နည်းဆိုပေမယ့် ကိုယ့်အတွက်ပဲအသုံးဝင်တယ်။ ဘယ်သူ့အတွက်မထိခိုက်ပါဘူး။
Philippines proxy - http://adf.ly/NUqva
Indonesia proxy - http://adf.ly/NVDhh


ဒီဇင်ဘာ ၁ရက်နေ့ ၂၀၁၂ မှာ ကြော်ငြာခဲ့တာပါ။ Multiply ကဈေးတန်းဖြစ်မှာမို့ အနှေးအနဲ့အမြန် Blogger သို့ရွေ့ပါလို့ပြောကြားခဲ့ပါတယ်။ အတည်ပိတ်ခဲ့တာတော့ March လမှ social networking ဘ၀မှ သေဆုံးသွားပါတယ်ဗျာ။



အများကြီးရှိပါသေးတယ်။ ခုလိုလဖတ်တာကျေးဇူးတင်ပါတယ်။ တစ်ချိန်တစ်ခါက အတိတ်ကို ကျွန်တော်ဖော်ပြတာပဲရှိပါတယ်။ သိရင် အောက်ပါအတိုင်း comment ပေးပါဗျာ။ လေးစားစွာဖြင့် ,,, YGNBlogger

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Thursday, 11 April 2013

Hack SEO to optimize your blog (Blogger only)


SEO ကို hack လုပ်တယ်ဆိုတာ.. ( Search Engine Optimization ) ပါ..။ မိမိ blog ကို.. Google မှာရှာရင်.. ထိပ်ဆုံးမှာရအောင်.. hack တာလေးပါ..။ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး.. :)
ဘယ်လိုလုပ်ရမလဲဆိုရင်... နည်းလမ်းတွေကတော့...အများကြီးရှိပါတယ်..။ အဲ့ထဲမှာမှ.. အလွယ်ဆုံးနည်းကို..ပြောပြမှာပါ...........


အရင်ဆုံးမလုပ်ခင်.. မိမိ blog မှာရှိတဲ့ Post titile တစ်ခုကိုရှာလိုက်ပါ.။ ဥပမာ - ညီမဆိုဒ်မှာဆိုရင်.. Word Press အလွယ်ရေးနည်းဆိုတဲ့... post ရှိတယ်..။ အဲ့ဒါကို.. google search box မှာ.. ရိုက်ပြီးရှာလိုက်ပါမယ်..။ Hack မလုပ်ခင်ပေါ်လာတဲ့ Result အရဆိုရင်..ညီမဆိုဒ်က..အောက်နားမှာပဲရှိပါတယ်..။ Hack လုပ်ပြီးရင်..ခုနအတိုင်း google မှာပြန်ရှာကြည့်ပါ..။ ထိပ်ဆုံးရောက်နေတာကို..တွေ့ရပါလိမ့်မယ်.. ^_^

  • ပထမဦးဆုံး.. မိမိရဲ့ blogger account ကို log in ၀င်လိုက်ပါ..။
  • ပြီးရင် template ကိုသွားပါ..။Edit HTML ကိုနှိပ်ပြီး.. Expand Widgets ကို အမှန်ခြစ်ခြစ်ပါ..။
  • ပြီးရင် Ctrl+F နှိပ်ပြီး.. ဒီစာသားလေးကိုရှာလိုက်ပါ..။
<h3 class='post-title entry-title' itemprop='name'>

  • အဲ့ဒါလေးပေါ်လာရင်.. <h3 ကို <h2 လို့ပြောင်းလိုက်ပါ..။ </h3> နေရာမှာလည်း.. </h2> လို့ပြောင်းလိုက်ပါ..။
  • ပြီးရင် Save နှိပ်ပြီး.. Close လုပ်ပြီးပြန်ထွက်လိုက်ပါ..။
  • အားလုံးပြီးရင်တော့..အပေါ်ကအတိုင်း..မိမိ blog မှာရှိတဲ့ post title တစ်ခုကို... Google မှာရှာကြည့်လိုက်ပါ..။ ထိပ်ဆုံးရောက်နေပါလိမ့်မယ်.. ^_^


She is $U Y4T4N4R and the founder of Technological Villa. She is now searching a job. She is 19 years old. She is fond of programming such as HTML, Javascript, CSS and more.

Wednesday, 10 April 2013

Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့ (Part-2)

မင်္ဂလာပါ။ ဒီနေ့ Tech in Blogging မှာတင်မှာက Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့ (Part-2) ပါ။ Myanmars.net မှာ စီးပွားရေးအဖြစ်လုပ်ထားတဲ့ design ဆိုဒ်တွေရဲ့ css ကို hack ကြရဦးမယ်။ အဲ့ဒါက ကိုယ် ပါးနပ်ရင် မခက်ပါဘူး။ ဒါပေမယ့် ၀ဘ်ဆိုဒ်အားလုံးဟာ Dreamweaver နဲ့လုပ်ထားတာမဟုတ်ဘူး။ တချို့က Jooစိတ်ဝင်စားရင် ဆက်ဖတ်ပါ။ အရင်တစ်ခေါက်ကနည်း နဲ့ခပ်ဆင်ဆင်ဆိုပေမယ့် ဟာကွက်ရှိပါတယ်။ Mozilla Firefox ဖြင့်သာသုံးပါ။
ကဲ။ Myanmars.net က ဒီဇိုင်းတာဝန်ယူတဲ့ဆိုဒ်တစ်ခု ပြမယ်ဗျာ။ http://www.lightyeareducation.com ရဲ့ css ကိုဖောက်ပြမယ်ဗျာ။ အောက်ပါပုံလေးက Light Year Education Center ဆိုတဲ့ ကျူရှင် တစ်ခုရဲ့ page လေးပဲဆိုပါလေတော့ဗျာ။


ကြိုက်တဲ့နေရာမှာ right click ကို ကလစ်ပါ။ View Page Source ကိုကလစ်လုပ်ပါ။ shortcut နဲ့သွားမယ်ဆိုရင် Ctrl + U ကို keyboard မှာရှာပြီး တပြိုင်နက် နှိပ်လိုက်ပါ။
 ဒီလို page မျိုးပေါ်လာပါလိမ့်မယ်။ ဘာဆက်လုပ်ရမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါ။
Ctrl + F ကိုကလစ်ပါ။ ပြီးတော့ ကျွန်တော် ပေးတဲ့ code ကိုကူးပါ။



sheet.css.htm 


အနီးကပ်ပုံပါ။ သေချာကြည့်ပါ။  sheet.css.htm  ကိုတွေ့ပါလိမ့်မယ်။

sheet.css.htm ကိုကူးလိုက်ပါ။ " " တွေကို လုံးဝထည့်မကူးပါနှင့်။ Ctrl + C ကို နှိပ်လိုက်ပါ(ကော်ပီကူး)။


လင့်လေးရဲ့ညာဘက်မှာ ကျွန်တော်တစ်ခုခုထည့်မယ်။ သေချာကြည့်ပါ။ အဲ့အနောက်မှာ / ကိုထည့်ပြီး ကီးဘုတ်ထဲမှာ Ctrl + V ကိုရှာပြီးနှိပ်လိုက်ပါ။
တချို့ကမရသေးဖူးဆိုပြီး ပိတ်နေလိုက်ဦးမယ်။ မလှည့်ပြန်နဲ့ဦး။

ကြိုက်တဲ့နေရာမှာ right click ကို ကလစ်ပါ။ View Page Source ကိုကလစ်လုပ်ပါ။ shortcut နဲ့သွားမယ်ဆိုရင် Ctrl + U ကို keyboard မှာရှာပြီး တပြိုင်နက် နှိပ်လိုက်ပါ။

ဟဟ။ အဒ်မင်ကြီးကိုတော့သနားတယ်ဗျာ။ ကျွန်တော်တို့ကတော့ သူတို့ ထပ်ခါထပ်ခါ ပြန်ဖုံးဖိထားတဲ့ ကုဒ်လေးကိုတွေ့ပြန်ပြီဗျာ။ ကော်ပီကူးချင်ရင်တော့ <style> အောက်ကကုဒ်မှ </style> အထိကူးပါ။ <style> နဲ့ </style> ကိုဖြုတ်ပြီးကူးပါဗျာ။ နည်းနည်းတော့ပင်ပန်းမယ်။ Notepad ထဲကို ထည့်ပြီး style.css နဲ့ Save ရုံပဲ။

ဒီဆိုဒ်တစ်ခုတည်းတင်မကပါဘူး။ ပေါက်ယိုနေတဲ့ဆိုဒ်တွေအများကြီးပါပဲ။

Virus မဟုတ်ပါ။ E-book နဲ့ထည့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် Foxit Reader နဲ့ဖတ်ပါ။


သူငယ်ချင်းတို့မှာလည်းရှိသေးရင် Tech in Blogging ကိုလည်း ပြန်ဝေမျှပါဦး။ ကျွန်တော့်မှာလည်းရှိသေးရင် ထပ် share ပါဦးမယ်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Tuesday, 9 April 2013

Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့

မင်္ဂလာပါ။ ကျွန်တော်ခု Tech in Blogging မှာ hacking ပိုစ့်တစ်ခုတင်မယ်။ Blogspot အတွက်တော့မဟုတ်ပါဘူး။ Hosting နဲ့ဝင်လုပ်ထားတဲ့ ၀ဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းတွေကို ခုဟက်ပြမယ်ဗျာ။ ဘာမှမခက်ပါဘူး။ ဥပမာ သင် ၀ဘ်ဆိုဒ်တစ်ခုရဲ့ဒီဇိုင်းကိုကြိုက်တယ်ဆိုရင် hack လို့ရအောင်လို့ပါ။ ဒါလေးက CSS ခိုးနည်းလေးပါ။


တခြားပေ့ login page စသဖြင့် တွေကိုတော့ Access Denied ပေးထားပေမယ့် css ဒီဇိုင်းကို လုံးဝ မပိတ်ထားဘူးဆိုတာကို ကျွန်တော်သိရပါတယ်။ ၉၄% လောက်တော့ ဒီဇိုင်းကို hack လို့ရမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဒီ page တွေအများစုက Dreamweaver နဲ့လုပ်ခဲ့တာဖြစ်တယ်။ ဟိုးအရင်က website တွေဆိုရင်css , html တွေနဲ့ပါ။ ကျွန်တော်တို့ခုကိုင်နေတဲ့ Blogger, Wordpress တွေမထွက်သေးပါဘူး။

ကဲကဲ။ Tutorial အနေနဲ့ ဗဟုသုတပြဦးမယ်ဗျာ။ Mozilla Firefox နဲ့သုံးဖို့အကြံပေးချင်ပါတယ်။ Internet Explorer နဲ့မလုပ်ပါနဲ့။

http://www.imcs.me.pn/ ကိုဥပမာအနေနဲ့ CSS ကိုခိုးပြမယ်ဗျာ။ ဒီပုံက IMCS ရဲ့ page တစ်ခုလေးပဲဆိုပါတော့။

ကြိုက်တဲ့နေရာမှာ right click ကို ကလစ်ပါ။ View Page Source ကိုကလစ်လုပ်ပါ။ shortcut နဲ့သွားမယ်ဆိုရင် Ctrl + U ကို keyboard မှာရှာပြီး တပြိုင်နက် နှိပ်လိုက်ပါ။

 ဒီလို page မျိုးပေါ်လာပါလိမ့်မယ်။ ဘာဆက်လုပ်ရမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါ။

Ctrl + F ကိုကလစ်ပါ။ ပြီးတော့ ကျွန်တော် ပေးတဲ့ code ကိုကူးပါ။

<link href="

အနီးကပ်ပုံပါ။ ဒါပေမယ့် <link href=" ကနေ တစ်ခါတလေ နှစ်ခုရှိတာကိုတွေ့လိမ့်မယ်။ ဒါကြောင့် အမြဲတမ်း အပေါ်က <link href="  ကိုယူပါ။ မရရင်လည်း ကျွန်တော် အလွယ်ဆုံးရှာနည်းပေးမယ်ဗျာ။
<link href=" ရဲ့ နောက်က လင့်လေးကိုကူးလိုက်ပါ။ " " တွေကို လုံးဝထည့်မကူးပါနှင့်။ Ctrl + C ကို နှိပ်လိုက်ပါ(ကော်ပီကူး) အကယ်လို့သာတစ်ခုတည်းဆိုရင် ရှာရကံကောင်းမယ်။

လင့်လေးရဲ့ညာဘက်မှာ ကျွန်တော်တစ်ခုခုထည့်မယ်။ သေချာကြည့်ပါ။ အဲ့အနောက်မှာ / ကိုထည့်ပြီး ကီးဘုတ်ထဲမှာ Ctrl + V ကိုရှာပြီးနှိပ်လိုက်ပါ။

အနောက်မှာနှိပ်ပြီးရင် ဒီလိုရပါပြီ။ ပြီးရင် Enter ကိုကလစ်ပါ။


ဟဟ။ code တွေပဲ။ loading ပြီးအောင်စောင့် ပြီးတာနဲ့ ကြိုက်သလိုသာ ကလိပေတော့။ ချွေးဇောနဲ့ ဒီဇိုင်းထွင်ထားတဲ့ ကိုကိုမမကြီးတွေတော့ အလကားနစ်နာရပြီပေါ့။ free free ပဲ။ သူများတွေပေးဝယ်သလောက် ကိုယ်က ခိုးနေပြီ။ ဟဟ။
ခုနလို မကူးစေချင်ရင် အောက်ပါအတိုင်း တစ်ခုချင်းကိုကူးပြီးEnter ခေါက်ပါ။ ပထမ တစ်ခုမရရင် ဒုတိယ... စမ်းကြည့်ပါ။ ဒါကအများဆုံးယိုစိမ့်နေတဲ့နေရာလေးပါ။

ဒါလေးတွေပေါ့။ အကယ်လို့ အပေါ်ကအဆင့်လေးတွေနဲ့မလုပ်ချင်ရင်... အောက်က လင့်လေးတွေနဲ့သာ ချပေတော့။


style.css
css/style.css
files/style.css
sheet.css
css/sheet.css
files/sheet.css
upload/style.css
upload/sheet.css
sheet.css.htm
css/main_stylesheet.css
css/stylesheet.css
stylesheet.css

ယိုဆိမ့်နေတဲ့ဆိုဒ်များ ကို စုပေးထားပါတယ်။ အောက်က ကြိုက်တဲ့လင့်ကိုဒေါင်းပါ။

Virus မဟုတ်ပါ။ E-book နဲ့ထည့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် Foxit Reader နဲ့ဖတ်ပါ။

ရှိသေးရင် ထပ်ပေးပါဦးမယ်။ http://www.myanmars.net ကိုယ်တိုင် စီးပွားရေးရှာပြီး ဒီဇိုင်းလုပ်ပေးထားတဲ့ဆိုဒ်တွေရဲ့ ဖောက်နည်းလည်း ပြောပြပါဦးမယ်။ သူက  sheet.css.htm လိုကြီးပေးထားတဲ့အတွက် လုပ်မယ့်သူတွေခေါင်းစားနေပါဦးမယ်။ မျှော်။ အမှန်တော့ ဟက်ကာမဟုတ်ပါဘူး။ ကျွန်တော်က အပျော်တမ်းဘလော့ဂါပါ။ အဲ့ဒါကို ကျွန်တော်အသေးစိတ်ရေးပြီး သေချာရှင်းပြထားတာပါ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.