Showing posts with label History. Show all posts
Showing posts with label History. Show all posts

Wednesday, 8 May 2013

Google+ commenting system ရဲ့ အကောင်းနှင့်အဆိုး

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။Google+ ကခုလူသုံးများတဲ့ သတင်းတစ်ခုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုတွေမသုံးကြပေမယ့် နိုင်ငံခြားမှာ အားလုံးနီးနီးသုံးနေကြတာကို ကျွန်တော်တို့သတိထားမိပါတယ်။ ကျွန်တော်ကတော့ Google+ ကိုခုထက်ထိမပြောင်းသေးပါ။
Blogger Profile ဟာ တဖြည်းဖြည်းနဲ့ စပျောက်ကွယ်ပြုပါပြီ။ Google+ ကို ဇန်န၀ါရီ ၁၁ရက် ၂၀၁၂ တွင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစပြီး Blogger user profile တွေဟာ Google + user profile အဖြစ်ပြောင်းလဲသွားပါတယ်။  Facebook လိုပဲ social ဆန်လာပြီး လှတယ်ဆိုပေမယ့်လည်း တချို့လူတွေက Blogger Profile ကနေ Google+ အဖြစ်ပြောင်းလဲရမှာကို အလွန်နှမြှောမိပါတယ်။ Google + ကတော့ Blogging သမားတွေအတွက် ကျောနောက်ခံဖြစ်လာတာပေါ့။
Spam ကို filter လုပ်ပေးတဲ့ ကောင်းကျိုးပါ။ Spammers တွေကိုလည်းကြောက်နေစရာမလိုပါဘူး။ ကာလာတို့ ဆိုက်တို့ လင့်တွေလည်းပေးလို့ရပါတယ်။ Backlink မပါဘူး။ သင့် Blog ရဲ့ Speed loading ကိုလည်းစိတ်ပူစရာမလိုဘူး။

WordPress မှာပေးတဲ့ automatic စာပြန်တာမျိုး Blogger commenting system မှာလုံးဝမရှိပါ။ OPENID အကောင့်နဲ့ Anonymous နဲ့ Name/URL နဲ့ spamming လုပ်နေကြပါတယ်။
Google+ ဟာ Facebook နဲ့အပြိုင်ရေပန်းစားနေတုန်းပါ။ Google+ ဟာနေ့ချင်းညချင်း နာမည်ကြီးပါတယ် ဘာလို့လဲဆိုတော့ Google ရဲ့ဌာနတစ်ခုမို့လို့ပါ။ Google+ ဟာ နေရာတိုင်းနီးနီးမှာအသုံးဝင်နေဆဲပါ။ Gmail အကောင့်ရှိရင် Google+ profile ကိုလုပ်ဖို့မခဲယဉ်းတော့ပါဘူး။
+1 ပေးလို့ရတယ်။ Blogging သမားတွေအတွက် သတင်းကောင်းတစ်ခုပါ။ Google+ commenting system ထည့်ရင် နာမည်မပါတဲ့သူတွေနဲ့မကြုံရတော့ပါဘူး။ +1 ပေးဖို့ပိုများမယ်။ Google+ သုံးစွဲသူ ပိုများလာမယ်။ Share လုပ်လို့ရမယ်။ Reply တွေလာရင် notifications တွေမှန်မှန်ပေးပါတယ်။ public ဖြစ်တဲ့ commenting အဖြစ်လည်းသုံးဆောင်လို့ရမှာပါ။ Google + profile ရှိရုံနဲ့ comment ပေးရတာရှယ်ပါပဲ။
Google+ မသုံးတဲ့ user တွေအတွက်တော့ အခက်အခဲကြုံရပါလိမ့်မယ်။ Comments တွေဟာ domain အသစ်ပြောင်းတာနဲ့ အဆင်မပြေတော့ပါ။ Stat (comment ပေးသူနှုန်း) တွေမှားနေပါလိမ့်မယ်[လောလောဆယ်ပါ]။ Google+ commenting system ကြောင့်သင့် Blog loading speed ထိခိုက်ပါလိမ့်မယ်။ Google+ commenting system ကြောင့် Blog loading speed မထိခိုက်စေချင်ရင် http://techinblogging.blogspot.com/2013/04/blogger-site.html မှာဖတ်ပါ။


Editor's desk >>>
Google+ commenting system ကောင်းတာမကောင်းတာ သင်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ ကျွန်တော်ကတော့ Google+ profile ကိုခုထက်ထိမပြောင်းရသေးပါ။ သင့် Blog speed ကိုမြှင့်တင်မယ်ဆိုရင် Home မှာ ပိုစ့် ၅ခုပဲထားပါ။ http://techinblogging.blogspot.com/2013/04/blogger-site.html မှာလည်း Blog မြန်ဆန်အောင်လုပ်နည်းဖတ်ပြီး လုပ်ပါ။ အဆင်ပြေပါစေ။ :)


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Thursday, 2 May 2013

Tech in Blogging မှ Website ၏လိုအပ်ချက်များကိုဖြည့်ပေးနေဆဲ

မင်္ဂလာပါ။ Tech in Blogging မှသင့်တို့၏လိုအပ်များကို ဖြည့်ပေးဖို့ နည်းလမ်းအချို့တွေ share လိုက်ပါမယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ ပြင်ပေးခဲ့သောဆိုဒ်အချို့တွေလည်း သည်နေရာမှာ ဖော်ပြမှာဖြစ်ပါတယ်။ နောင်လည်း ကျွန်တော်တို့ ပြင်ခဲ့တဲ့ဝဘ်ဆိုဒ်တွေကိုလည်းဖော်ပြဦးမှာပါ။



၂၀၁၃ မတ်လအစောပိုင်းတုန်းက ဒီ page လေးလုပ်ခဲ့တာပါ။ အမှန်တော့ Blogger ဆိုဒ်မဟုတ်ပါဘူး။ Hosting ဆိုဒ်တစ်ခုနဲ့ ကျွန်တော်က ဒီဇိုင်းရေးပေးထားခြင်းဖြစ်ပြီး Technological Villa မှ အစ်မဆုရတနာက contact စာမျက်လေးရေးခဲ့တာဖြစ်ပါတယ်။ ယခုတော့ ကျွန်တော်လင့်အစစ်ကိုမပြရတဲ့ အကြောင်းအရင်းမှာ Technological Villa ရဲ့ပိုင်ရှင်စက်ကပျက်သွားလို့ ခုထက်ထိ မတင်ရသေးတာဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာ ဘလော့လေးလာလည်ပါဦးဗျာ။ Support us ဆိုတဲ့စာမျက်နှာက လောလောဆယ်မပြသေးပါ။





ဘလော့ခရီးသည်ကို လူတိုင်းနီးနီးသိပါတယ်ဗျာ။ သူကလည်း နာမည်ကြီးဘလော့ဂါတစ်ယောက်ထဲမှာပါတယ်။ သူက ကျွန်တော့်ရဲ့ [သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ] ကိုဖတ်ပြီး ကျွန်တော့်ကိုအကူအညီတောင်းပါတယ်။ ကျွန်တော်က သူ့ရဲ့ site template ကိုမပြင်ပါ။ ကျွန်တော်သတိထားမိတာက သူ့ရဲ့ Blog site လေးဖွင့်လိုက်တိုင်း ညာဘက်က sidebar လေး ဟမ်းနေတာကိုသတိထားမိပါတယ်။ ၂၀၁၃ခုနှစ် ၁ရက်နေ့ မေလ မှာတော့ အောင်မြင်စွာ ဆိုဒ်ကိုအတတ်နိုင်ဆုံးမြန်အောင်လုပ်ပေးထားခဲ့ပါတယ်။




ကျွန်တော်(YGNBlogger)ရဲ့ဆိုဒ်လည်း ဖြစ်ခဲ့သလို ခုတော့ မပိုင်တော့ပါဘူး။ ခု Ben Yaung ကို Co-founder အဖြစ်လွှဲထားပါတယ်။ Ben Yaung ပိုင်နေတဲ့ Blog လေးပါ။ သူ့ဆိုဒ်လေးက Gaming နဲ့ပတ်သတ်တာတွေပါ။ အထူးသဖြင့် Counter-Strike ပါ။ Counter Strike Online-Myanmar လို့အမည်ရထားပါတယ်။


*Last updated : 2/5/2013


နှင့်... အခြားစိတ်ဝင်စားစဖွယ် ခေါင်းစဉ်များ


Tech in Blogging မှ ဒီဇိုင်းနှင့် ဆိုဒ်မြန်ဆန်မှုကို ဈေးနှုန်းသက်သာစွာဖြင့်ရေးဆွဲပေးနေပါပြီ။ ကျွန်တော်တို့ရေးဆွဲပေးသော ဆိုဒ်အမျိုးအစားများမှာ - Dreamweaver | Blogger | Flash Website တို့ဖြစ်ပါတယ်။ လူကြီးမင်းတို့ပိုင်ဆိုင်သော ၀ဘ်ဆိုဒ်တွေဝင်ရလေးနေရင် ၀င်ရသူတိုင်းပေါ့သွားအောင် သင့်တော်သော ဈေးနှုန်းဖြင့် Optimize လုပ်ပေးသည်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 22 April 2013

တစ်ချိန်တုန်းက Social networking ဆိုဒ်တစ်ခုဖြစ်ခဲ့တဲ့ www.Multiply.com

မင်္ဂလာပါ။ ခုဒီစာလေးကိုဖတ်တဲ့ သူငယ်ချင်းတွေလည်း Multiply website ကဖြစ်ကောင်းလည်းဖြစ်နိုင်ပါလိမ့်မယ်။ Tech in Blogging မှ www.multiply.com ရဲ့တစ်ချိန်တစ်ခါက ဘာလေးဖြစ်ခဲ့တယ်ဆိုတာကိုပြောပါဦးမယ်။ သမိုင်းလေးကို ရှာရှာဖွေဖွေလေးပေါ့။


၂၀၀၉ ခုနှစ်တုန်းက Multiply စသုံးခဲ့ပါတယ်။ အဲ့အချိန်တုန်းကဆိုရင် Blogger တို့ WordPress တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ACCESS DENIED ဖြစ်ခဲ့ပါတယ်။ လူတိုင်းက Blog တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ် ကျွန်တော်လည်း အပါအ၀င်ပေါ့။ ကျွန်တော့်မှာအားကျတဲ့ ဆရာတွေရှိပါတယ်။ အရင်ကဆိုရင် kp3family၊ ညီနေမင်း၊ ဇောင်း၊ ကိုဇော် တို့ပေါ့။ သူငယ်ချင်းတွေက Multiply သုံးတော့ ကျွန်တော်လည်းသူတို့မျှားခေါ်တဲ့နေရာကိုရောက်သွားပါတယ်။

အဲ့ဒီကိုရောက်တော့ ကျွန်တော်က ကိုဇော်တို့ ကိုဇောင်းတို့ရဲ့အရည်အချင်းကို အားကျတော့ လိုက်တုမိပါတယ်(ကျွန်တော်လူတော်ခုထက်ထိမဖြစ်သေးပါ)။ နောက်တော့ Multiply ဟာဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတော့တယ်။ Facebook လိုပဲ တစ်ယောက်နဲ့တစ်ယောက်ခင်ရအရမ်းလွယ်ပါတယ်။ ကိုယ်ပိုင်တဲ့ Blog လိုပဲ  ဆိုဒ်လေးကို အလှဆင်လို့ရပါတယ် [ချွင်းချက်။   ။ Javascript မပါ]။ တစ်ခုကောင်းတာက တခြားဆိုဒ်တွေလို phishing လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ပိုစ့်လေးတွေလည်း ဝေမျှရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် Blogger တို့ WordPress တို့နဲ့ဆန့်ကျင်ဘက်တွေအရမ်းများပါတယ်။

လူတိုင်းချစ်ပြီး ကိုင်လို့ကောင်းတဲ့ Multiply platform လေးဟာ ၂၀၁၂ ဒီဇင်ဘာမှာ ပျောက်ကွယ်မယ်လို့ ကြားသိခဲ့ရပေမယ့် ၂၀၁၃ မှာတော့ Philippines တို့ရောင်းဝယ်ရာ online ဈေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။


 Multiply ကိုတည်ထောင်ခဲ့တဲ့ Stefen Magdalinski

Multiply အသက်ဝင်တဲ့အချိန်က ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လေးအမြစ်ပေါက်တဲ့ နှစ်က နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၀၀ ခုနှစ်ပါ။ တည်ထောင်သူကတော့ Stefan Magdalinski (အထက်ပါပုံ) ဖြစ်ပါတယ်။ Multiply ရဲ့တည်နေရာကတော့ Singapore ဖြစ်ပါတယ်။ သူတို့က Philippines ကိုအဓိကချိတ်ဆက်ထားတာပါ။ အစကတော့ social networking နဲ့အတူ စီးပွားဖြစ်ဖို့အတွက် တည်ထောင်လိုက်တာပါ။ အရင်တုန်းကတော့ MSN ကို Microsoft ကပယ်မှာမို့ Multiply က အသက်သွေးကြောအဖြစ် ကယ်တင်ထားခဲ့တာပါ။


ဖြစ်ခဲ့ပါတယ်။ အပေါ်က logo လေးက အရင်က Multiply လေးပါ။ အဲ့ဒီ logo ရဲ့အဓိပ္ပါယ်က လူမှုကွန်ယက်နှင့် မိတ်ဆွေဖွဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဘလော့တင်မကပါဘူး။ သီချင်း၊ ဗီဒီယို၊ စာတို၊ ဓာတ်ပုံပါတင်လို့ရပါတယ်။ တစ်မူထူးခြားတာက တင်ပြီးရင်သူများ Email ကို Subscribe လုပ်ပေးလို့ရပါတယ်။ Multiply ကိုဆိုဒ်ကလေးအဖြစ်ဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ မိသားစုအဖြစ်နဲ့လည်း ပေါင်းလို့ရပါတယ်။ ပြီးတော့ ၀င်ရတာအလွန်လွယ်ကူလှပါတယ်။

၂၀၁၃ Multiply အထက်ပါ logo ကတော့ လုံးဝအသုံးမကျတဲ့ logo ပါ။ အရင်ကအသက်ရှင်နေတဲ့ Multiply users များကို ကစ်လိုက်တဲ့ logo ပါ။ Indonesia နဲ့ Philippines အတွက်ပဲရပါတယ်ဆိုဘဲ။ ၂၀၁၃ မှာ ပြောင်းလဲသွားတဲ့ Multiply အကြောင်းကို နိဒါန်းမရေးပါဘူးဗျာ။

India ၊ Indonesia ၊ Philippines ၊ USA ၊ Pakistan ၊ Thailand တို့ဖြစ်ပါတယ်။ အများစုက India ပါ။

မိသားစုပုံ၊ သားသမီးပုံ၊ အမှတ်တရပုံ၊ ကာတွန်းပုံတွေလူအသုံးများပါတယ်။ သီချင်းတွေကိုတော့မတင်ဖြစ်ဘူး။ နည်းပညာတို့ မှတ်စုတိုလေးတွေ စုဆောင်းတဲ့နေရာအဖြစ် Multiply ကအသုံးဝင်ခဲ့တာပါ။ ပြီးတော့ ဒီမိုကရေစီခေတ်မတိုင်မီတုန်းကဆိုရင် proxy ကျော်ဖို့အခက်အခဲရှိတာကြောင့် အသုံးများတာပါ။ နောက်တစ်ခုက အရင်က ACCESS DENIED ကြောင့်မြန်မာနိုင်ငံမှာ Blogger, WordPress ဆိုတာ သုံးမရလို့ Multiply ကဘလော့အဖြည့်ခံအဖြစ်နဲ့ social networking ကိုထိုးဖောက်လာတာပါ။ မိသားစုလည်း ဖွဲ့လို့ရတယ်ဆိုတဲ့ Multiply ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် communication လုပ်ရအလွန်လွယ်ကူပါတယ်။ HTML တို့ CSS တို့ရေးရတာအလွန်လွယ်ကူလှပါတယ်။ share လုပ်ရတာ လွယ်ကူလှပါတယ်။

သူက Blogger လို Javascript မရပါဘူး။ Custom domain မရပါဘူး။ Free နဲ့ Premium service နဲ့လည်း ခွဲခြားထားပါသေးတယ်။ နောက်ပိုင်းတော့ shopping service ထွက်လာတဲ့အတွက် ဆိုဒ်ပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း ချို့ယွင်းလာခဲ့ကြပါတယ်။



ဒီ Graph က ဖေဖေါ်ဝါရီလ ၂၀၁၃တုန်းက နေ ယခုဧပြီလအထိ Alexa မှဖော်ထုတ်ထားတဲ့ result ပါ။ March ၂၃ရက်နေ့ ၂၀၁၃ မှာ ကျွန်တော်တို့ချစ်တဲ့ International Multiply ကြီးဟာ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အသုံးပြုဦးရေဟာ တစ်ရှိန်ထိုးကျဆင်းသွားပါတယ်။ Philippines နဲ့ Indonesia အတွက်ပဲဖြစ်ပါတယ်။ ခု  Philippines နဲ့ Indonesia  တို့ IP နဲ့ပဲဝင်လို့ရပါမယ်။ Multiply ကို sign up လုပ်ရင် ကျွန်တော်ပေးတဲ့လင့်နဲ့ဖောက်ဝင်ပါ။

ဒီ proxy တွေကိုသုံးပြီး login ကိုဝင်လို့ရအောင်ပါ။ Hack နည်းဆိုပေမယ့် ကိုယ့်အတွက်ပဲအသုံးဝင်တယ်။ ဘယ်သူ့အတွက်မထိခိုက်ပါဘူး။
Philippines proxy - http://adf.ly/NUqva
Indonesia proxy - http://adf.ly/NVDhh


ဒီဇင်ဘာ ၁ရက်နေ့ ၂၀၁၂ မှာ ကြော်ငြာခဲ့တာပါ။ Multiply ကဈေးတန်းဖြစ်မှာမို့ အနှေးအနဲ့အမြန် Blogger သို့ရွေ့ပါလို့ပြောကြားခဲ့ပါတယ်။ အတည်ပိတ်ခဲ့တာတော့ March လမှ social networking ဘ၀မှ သေဆုံးသွားပါတယ်ဗျာ။



အများကြီးရှိပါသေးတယ်။ ခုလိုလဖတ်တာကျေးဇူးတင်ပါတယ်။ တစ်ချိန်တစ်ခါက အတိတ်ကို ကျွန်တော်ဖော်ပြတာပဲရှိပါတယ်။ သိရင် အောက်ပါအတိုင်း comment ပေးပါဗျာ။ လေးစားစွာဖြင့် ,,, YGNBlogger

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.