Showing posts with label Security. Show all posts
Showing posts with label Security. Show all posts

Saturday, 20 July 2013

Disable ဖြစ်သွားသော Sitemap ကို Enable ပြုလုပ်ခြင်း [Blogger only]

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ခုဆိုရင် ဘလော့မရေးတာတော်တော်ကြာပါပြီ။ ခု အကို ကောင်းထက်ထွန်းအကြံပေးမှုကြောင့် ဆက်ရေးဖို့ အားရှိသွားတာပါ။ ကဲ။

Sitemap က SEO ကောင်းဖို့အတွက်ပါ။ ခုလိုမျိုး sitemap error ဖြစ်ရခြင်းအကြောင်းအရင်းက robots crewl error ပေါ့။ ခုလိုမျိုး အီးမေးလ်သင့်ဆီရောက်လာပါလိမ့်မယ်။

Sunday, 26 May 2013

Recycler ဗိုင်းရစ်တွေကိုရှင်းမယ်

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ ဗိုင်းရစ် ရှင်းတဲ့ဆော့ဝ်လ်လေးကိုသုံးကြည့်ပါ။ 1.0 ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်ကောင်းမယ့် ဆော့ဝ်လ်များဖန်တီးပေးဦးမှာပါ။ Virus, PC Optimizer စသဖြင့် အသုံးဝင်ဝင်မ၀င်ဝင် ဖန်တီးပေးဦးမှာပါ။ သင်မယုံရင်မသုံးပါနဲ့။ Virus မဟုတ်ဘူးလို့ ကျွန်တော်အာမခံပါတယ်။



  • Recycle Virus Killer V1.0.exe ကိုဖွင့်ပါ။
  • ၁မိနစ် - ၂မိနစ်လောက်ပဲကြာမယ်။
  • ဘာမှမကြောက်ပါနဲ့။ virus ရှိရင်သတ်နေတာပါ။ မရှိရင် ဘာမှမဖြစ်ပါဘူး။ စာတန်းတွေရပ်သွားပြီးတာနဲ့ပိတ်လို့ရပါပြီ။

တခြား Applications များလည်းရှာဖွေနိုင်ပါတယ်။ အောက်ပါအတိုင်းသင်လိုရာယူလိုက်ပါ။
Viber 1.041 for Nokia
Blogger for Mobile
Tech in Blogging @ Android
ပိုပြီးလိုချင်ရင် ဒီကိုနှိပ်ပြီး ရယူနိုင်ပါတယ်။ အဆင်ပြေပါစေ။


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 13 May 2013

Authentication Required ဆိုတဲ့ pop-up box ဖြုတ်နည်း(Blogger only)


မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ခု Blogger Widgets တွေနဲ့အလှဆင်တဲ့နေရာမှာ သူများရဲ့ script link နဲ့အသုံးများတာတွေ့ပါတယ်။ အဲ့ဒီလိုအသုံးများတာက ရေရှည်လုံးဝမကောင်းပါဘူး။ အထူးသဖြင့် သူများရဲ့ googlecode ပါ။ အဲ့ problem ကိုမြင်ဖူး၊ ကြုံဖူးကြမယ်ထင်ပါတယ်။ အောက်က ပုံကိုကြည့်ပါ။ ဒီလိုမျိုးလာနေရင် သင့် blog site ကိုဝင်နေတဲ့ မိတ်ဆွေတွေအတွက် broswer ဟမ်းနေပါလိမ့်မယ်။ အဲ့ဒါတွေ့ရင် ၀င်ရမှာလား။ ဘာလုပ်ရမှာလဲ မသိတဲ့သူတွေအတွက် အထူး problem ပါ။

  • A username and password are being reqested by ဘာဘာညာညာလာရင် အဲ့အနောက်က လင့်ကိုမှတ်ထားပါ။ ပုံထဲမှာတော့ https://gj37765.googlecode.com မို့လို့ ကျွန်တော်ကအဲ့ဒါပဲကူးတော့မယ်။
  • ပြီးရင် Blogger >> Template >> Edit HTML ကိုသွားပါ။ (တကယ်လို့ Template editor error ဖြစ်ရင် http://techinblogging.blogspot.com/2013/05/template-error-blogger-only.html ကိုသွားဖတ်ပါ။ အဲ့သင်မှတ်ထားတဲ့လင့်ကို Ctrl + F ကိုကလစ်ပြီးရှာပါ။ တွေ့တာနဲ့ <script src=' နှင်လင့်ရော  'type='text/javascript'/> ပါအတူရှာပြီးဖျက်လိုက်ပါ။ ပြီးရင် Save Template ကိုကလစ်ပါ။
  • ဒါဆိုရင် အဲ့ အနှောင့်အယှက်ကင်းသွားပါပြီ။ အဆင်ပြေပါစေ။

Editor's desk ►
အဲ့ဒီလိုဖျက်လိုက်ခြင်းဖြင့် ကောင်းကျိုးကတော့ သင့် blog ဆိုဒ်လည်းပေါ့ပါးသွားပါတယ်။ လာလည်သူတွေအတွက် အနှောင့်အယှက်ကင်းသွားပါပြီ။ http://techinblogging.blogspot.com/2013/04/blogger-site.html မှာလည်း သင့်ဆိုဒ်ပေါ့အောင်လုပ်နည်းတွေဖတ်လို့ရနေပြီနော်။ ဒီဟာက အများဆုံး google code က script ကိုသုံးတဲ့သူတွေပဲဖြစ်နေတာပါ။


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Wednesday, 8 May 2013

သင့်၏ Blogger site တွင် Malware ရှိ/မရှိစစ်ဆေးနည်း (Blogger only)

အားလုံးပဲ Tech in Blogging မှကြိုဆိုပါတယ်။ ခုတော့ Blogger Tip လေးတစ်ခုရေးလိုက်ပါဦးမယ်။ အားလုံးနီးနီးမှာလည်း Blogger ဆိုဒ်လေးပိုင်ဆိုင်မှာပဲ ဒါပေမယ့် သူတို့ရဲ့ဆိုဒ်မှာ ဗိုင်းရစ်ရှိမရှိ မသိတာတောတော်ခက်မှာပဲ။ တစ်ချို့တွေကတော့ သူတို့ဆိုဒ်ကိုတစ်နေကုန်အပင်ပန်းခံပြီးပြူးပြဲရနေကြပါတယ်။ ကျွန်တော်အကောင်းဆုံး Malware scanner site တွေ share သွားမှာပါ။

http://adf.ly/OfObO မှာဖွင့်ပါ။ {ဒီမှာ} ကလစ်ပါဗျာ။ ပြီးရင် Scan လုပ်ပါ။ ခဏစောင့်ပါ။

ဒါက ကျွန်တော့် result ပါ။ Malware မရှိကြောင်းပြထားပါတယ်။ နောက်တစ်ပုံကြည့်ရအောင်

ဒါက Malware ရှိတဲ့ဆိုဒ်တစ်ခုကို scan ပေးထားတာပါ။ Deface အလုပ်ခံရရင်လည်း ဒီ scanner ကတန်းသိနိုင်ပါတယ်။ Malware ရှိပြီဆိုတာနဲ့ http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဖတ်ပါ။


http://adf.ly/OfT9G မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
ခု Software သမားတွေလည်း forum မှာသက်သေပြဖို့သုံးသလို Blogger site ပိုင်တဲ့သူလည်းသုံးသင့်ပါတယ်။ အောက်က ကျွန်တော့်ဆိုဒ်ကို scan လုပ်တာပါ။ Malware မရှိကြောင်း သက်သေပြပါပြီ။


http://adf.ly/Ofchc မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
 
Scan လုပ်ရင်တော့ကြာတယ်။ ဒါပေမယ့် စုံတယ်။ လုပ်ကြည့်ပါ။ အောက်ပါပုံက ကျွန်တော့်ဆိုဒ်ကို scan လုပ်ထားတဲ့သက်သေပါ။
ပထမ နဲ့ တတိယ Malware scanner ကိုကျွန်တော်ပိုပြီးနှစ်သက်ပါတယ်။ သေချာတယ်ဆိုတဲ့အထဲမှာပေါ့။ တခြား scanner တွေကိုလိုလိုမယ်မယ် share ထားမယ်လေ။ ကျန်တာတွေကတော့ သက်သေမပြတော့ပါဘူး။

http://adf.ly/Off3V
http://adf.ly/Ofg0M
http://adf.ly/Ofg70

Malware ဘယ်မှာရှိလဲသိပြီဆိုရင် http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဆက်ဖတ်ပါ။ အဆင်ပြေပါစေ။ လိုရင် update လုပ်ဦးမှာပါ။ :)

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Tuesday, 30 April 2013

Malware Warnings ကိုသင့် Blog site ကနေဖျက်မယ် (Blogger only)

မင်္ဂလာပါ  Tech in Blogging မှ လိုလိုမယ်မယ် topic တစ်ခုရေးလိုက်ပါတယ်။ Malware ဆိုတာကလည်း ဗိုင်းရစ်တစ်မျိုးပါပဲ။ အဲ့ဒါရှိရင် Blogger လည်းလက်မခံပါဘူး။ သင့် Blogger site က Malware အဖြစ်မှတ်ခံရပြီး အပိတ်ခံရရင် ပိုဆိုးပါလိမ့်မယ်။ ဘယ်လိုလဲဆိုတော့ ဖုန်းနံပါတ်နဲ့ပြန်ဖွင့်ပြီး ဖျက်နေရတာပါ။


Malware ဆိုတာကတော့ Website တွေမှာရှိပါတယ်။ သူတို့ကတော့ virus အမျိုးစားတစ်မျိုးပေါ့။ Website မှာ ရှိပြီဆိုရင် စာဖတ်သူတွေရဲ့စက်ကော၊ စာရေးသူတွေရဲ့စက်ပါထိခိုက်လာပါပြီ။ ကိုယ်မသိရင်တော့ ထိခိုက်တာပေါ့ဗျာ။



ဖြုတ်မယ်ဆိုရင်တော့ Google Chrome ကိုသုံးပါဗျာ။ စစ်ကြည့်ပါ။ သင့်ဆိုဒ်မှာရှိမရှိ။ ဒါကအကောင်းဆုံးပါ။ ကဲ။ ဥပမာ အနေနဲ့ micronarratives.blogspot.com မှာ virus ပါတယ်ပဲဆိုပါတော့ ကဲ ဘာလို့ပါလဲဆိုတာကိုဆက်ကြည့်ရအောင်။
Content from www.c4service.politecalab.org ဆိုမှာပေါ့။  တစ်ခုခုစစ်ရင် Content from အနောက်လင့်ကိုစစ်ပါ။

ဘယ်လိုရှင်းထုတ်မလဲ

သင်ဆိုဒ် templates (သို့မဟုတ်) layout မှာ Ctrl + F ကိုသုံးပြီးရှာပါ။ တွေ့တာနဲ့ ချက်ချင်းဖျက်ချပါ။ ဒါဆိုရင် အဲ့ဒီ warning ကြီးပျောက်သွားပြီဖြစ်ပါပြီ။ သင်တို့ Blogger site လေး ဘာမှမဟုတ်တဲ့အပြစ်လေး ကနေ ရှောင်ရှားနိုင်ကြပါစေ။


Blogger ဆိုဒ်ပိုင်ဆိုင်သူများအတွက် => သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Saturday, 20 April 2013

Botnet ဖြင့်ရင်ဆိုင်နေရသော WordPress ဆိုဒ်အများစု

WordPress ဆိုဒ် ၉သောင်းကျော်ကျော်ကတော့ hackers တို့တိုက်ခိုက်နေတဲ့ Botnet တို့ဖြစ်ကြပါတယ်။ ဒီတိုက်ခိုက်မှုကတော့ ခုရေပန်းစားနေတဲ့ Brute force တွေကိုသုံးပြီး password ကိုမှန်းလုပ်ကြတာဖြစ်ပါတယ်။ Web Hosting အများစုတွေလည်း ဒီအန္တရာယ်ကို သိတဲ့အတွက် သတိပေးထားပါတယ်။

Hackers တွေဘယ် attacking tools နဲ့ တိုက်ခိုက်လည်းဆိုတာကို ခုထက်ထိအတိအကျမသိရသေးပါဘူး။ Hackers တွေက WordPress ရဲ့ အရိုးအရှင်းဆုံး ၁,၀၀၀ Usernames နဲ့ password တို့ကိုသုံးကြတာဖြစ်ပါတယ်။ WordPress ရဲ့ အများဆုံး default Username က admin ပါ။ Password က Google မှာရှာလိုက်ရင် ဖလန်းလန်းပါပဲ။ နောက်တစ်ခုက အားအလွန်နည်းတဲ့ password တွေနဲ့ငြှိခဲ့ရတာဖြစ်ပါတယ်။ ထိုနည်းဖြင့်သာ ချနေကြတာပါ။ WordPress ဆိုဒ်(self-hosting) တစ်ခုဟာ botnet နဲ့တိုက်ခိုက်ခံရပြီဆိုရင် IP တွေအမျိုးမျိုးဝင်နေမှာဖြစ်ပါတယ်။
ဟက်ကာအများစုကတော့ bot net ပါတာကို အခွင့်ကောင်းယူပြီး အခု ရေပန်းစားနေတဲ့ DDoS နဲ့အချိန်ပေးပြီးတိုက်ခိုက်ကြပါတယ်။ Tech in Blogging မှ စုံစမ်းခဲ့ရတဲ့ premium hosting အဖြစ် domain နဲ့ hosting ကိုအထူး service ပေးခဲ့တဲ့ http://www.netwalkermm.com/ ကလည်း bot net ကြီးတစ်ခုဖြစ်နေပါတယ်ဗျာ။  http://www.netwalkermm.com/ က ငွေပေးရတယ်ဆိုပေမယ့် သူ့ကိုဘာနဲ့ပဲ install လုပ်လုပ်(အထူးသဖြင့် WordPress) မှာ bot net ကြီးပါနေတာကို သတိထားပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူ့မှာ http://www.netwalkermm.com/ကိုမသုံးတော့ပါဘူး။

Botnet ပါလာတဲ့ WordPress ဆိုဒ်တွေဆိုရင် SQL Injection တို့နဲ့ မကြာခဏပါသွားပါတယ်။ သူတို့ကို Google ကနေ dork တွေရှာပြီထိုးတာပါ။ Security Expert တွေကတော့ Wordpress ဆိုဒ်ပိုင်ဆိုင်သူအများအပြားကို Botnet ရှိမရှိရှာဖွေခိုင်းပြီး အကယ်လို့ရှိခဲ့တယ်ဆိုရင် ဆိုဒ်ကို စွန့်လွတ်ထားရမှာဖြစ်ပါတယ်။

မှတ်ချက် ။      ။   ကျွန်တော်သိလို့တတ်လို့ ပြောတာမဟုတ်ပါဘူး။ ပြန်လည်ဝေမျှခြင်းပါ။ WordPress ဆိုဒ်အားလုံး botnet ရန်မှ လွတ်မြောက်ပါစေဗျာ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.