Showing posts with label Websites Information. Show all posts
Showing posts with label Websites Information. Show all posts

Sunday, 29 September 2013

English-Myamar နှင့် Myanmar-English အဘိဓာန်ပါတဲ့ HARRIS.apk

http://i.minus.com/ibomKMNbEJw5z9.gif

ကျွန်တော့်ညီလေးဆိုဒ် HARRISNYI.TK ရဲ့ တင်သမျှပိုစ့်တွေအားလုံးကို Android apk ဖြင့်ထုတ်ကြည့်နိုင်ပါပြီ။ နောက်ပြီး Orngai dictionary ပါတဲ့အတွက် အားလုံးအတွက် အရမ်းလွယ်ကူသွားမှာဖြစ်ပါတယ်ဗျာ။ အခု version မှာတော့ Ornagai
Dictionary ပါထည့်ထားပါတယ်။Ornagai ကတော့ 'English To Myanmar' 'Myanmar To English' ရှာဖွေနိုင်ပါတယ်၊အင်တာနက်ရှိဖို့တော့လိုပါလိမ့်မယ်။ File Size ကတော့ 2.1Mb လောက်ရှိပြီး Sync လုပ်လိုက်ရင်တော့ Offline ဖြင့်ကြည့်ရှု့နိုင်မှာ ဖြစ်တဲ့အတွက် Total အားလုံးကိုတော့ 5MB ကျော်နိုင်ပါတယ်။





အသုံးပြုနည်း


-HARRIS.apk လေးကို ဖွင့်တိုင်း Auto Sync မလိုချင်ဘူးဆိုရင် (Setting) Button ကိုနိုပ်ပြီး Synchronization ထဲကိုဝင်ပါ ပြီးရင် မိမိမလိုချင်တဲ့ ဟာကို အမှန်မခြစ်ပါနဲ့။ မိမိ သုံးနေတဲ့ Internet Speed ကုန်းသွားမှာဆိုလို့ ပြောတာပါ။ Internet Line / Wifi Line တွေရှိပြီး ပို့(စ်) အသစ်လေးများလိုချင်ပါက Sync_Now Button ကို နိုပ်ပေးရပါမယ်။

Download => Link 1 / Link 2 / Link 3
I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Saturday, 17 August 2013

Top 10 Global websites (နာမည်အကြီးဆုံး ၀ဘ်ဆိုဒ် ၁၀ခု) in 2013

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ကျွန်တော်လည်း ခုလူတွေအားလုံးသိအောင် ၂၀၁၃ မှာ နာမည်ကြီး ၀ဘ်ဆိုဒ် ၁၀ခု ကိုပြဦးပါမယ်ဗျာ။ Screenshot နှင့်တကွကြည့်ပါ။ အားလုံးသိအောင်လည်း ဝေမျှလိုက်ဦးနော်။ ထိပ်ဆုံးက တင်ထားတဲ့ဆိုဒ်က နာမည်အကျော်ကြားဆုံးပေါ့။ ကဲ လေ့လာကြစို့။

http://www.google.com 
ခုလူတိုင်း မရှိမဖြစ်သုံးနေတဲ့ အင်တာနက်သွေးကြော Google Search Engine ပါ။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတိုင်းလိုလိုအသုံးများပါတယ်။
 


http://www.facebook.com 
Facebook ဆိုတာက အလွယ်တကူလူမှုကွန်ယက်တစ်ခုပါ။ ၂၀၀၄ မှ စတင်တည်ထောင်တာဖြစ်ပြီး Mark Zuckerberg မှ တည်ထောင်ထားတာဖြစ်ပါတယ်။ သူက ဒုတိယ နာမည်ကျော် ၀ဘ်ဆိုဒ်အဖြစ်တည်ရှိနေဆဲပါ။ Facebook ကိုကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း အသုံးပြုပါတယ်။

http://www.youtube.com 
၂၀၁၁ ကစပြီး မြန်မာနိုင်ငံကစပြီး YouTube တို့ကို Access Denied အဖြစ်မှ လွှတ်ငြိမ်းခွင့်ပေးခဲ့ပါပြီ။ ခုလူတိုင်းလည်း Tutorials | Game cheats | MTV | Series | Film စသဖြင့် ပါသော ဗွီဒီယိုများ အလွယ်တကူတင်ခွင့်နှင့် ကြည့်ခွင့်များရှိပါတယ်။ YouTube က Google ရဲ့ အမျိုးစုထဲမှာ ပါပါတယ်။


http://www.yahoo.com 
Yahoo! ကို ထောင်တာ ၂၁ နှစ်ကျော်ခဲ့ပါပြီ။ Google မစမီကတည်းက သူက နာမည်ကြီးနေခဲ့တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအရမ်းအသုံးနည်းပါတယ်။ ဒါပေမယ့် Yahoo! ကနာမည်ကြီး စတုတ္တ၀ဘ်ဆိုဒ်နေရာမှာ တည်ရှိနေဆဲပါ။

http://www.baidu.com
တရုတ်လူမျိုးတွေရဲ့ အင်တာနက်ရှာဖွေရေးသွေးကြောတစ်ခုဖြစ်တဲ့ Baidu Search Engine ပါ။ တရုတ်ဟန်းဆက် (Android version) တွေရဲ့ Browser တွေမှာလည်း Baidu Search Engine ပါပါတယ်ဗျာ။ Baidu ဆိုတဲ့နာမည်က ဘီစီ ၈၀၀ ကတည်းက သုံးခဲ့တာ ခုထက်ထိ နာမည်လှလှလေးဖြစ်နေဆဲပါ။



http://www.wikipedia.org
Wikipedia က စာပေ၊ သမိုင်း၊ ပထ၀ီ အစုံစုံလေ့လာလို့ရပါတယ်။ နိုင်ငံတိုင်းလိုလိုဝင်ကြည့်ပြီး Project အဖြစ် လုပ်တယ်။ ဝေမျှကြတယ်လေ။ ဘာသာမျိုးစုံနှင့်လည်း သင်လိုရာကိုဖတ်နိုင်ပါပြီ။


http://www.qq.com
QQ က တရုတ်လူမျိုးရဲ့ အင်တာနက်သွေးကြောနောက်တစ်နေရာမှာပဲဗျာ။ Yahoo! ရဲ့ပုံစံအသွင်ကိုခိုးယူထားတဲ့ QQ တရုတ်ထုတ်ပါ။ Search Engine ဆိုပေမယ့် တရုတ်လိုနားလည်သူတွေပဲ သုံးကြပါတယ်။
http://www.linkedin.com
ဆက်သွယ်ဖို့ကွန်ယက်တစ်ခုပါ။ လင့်တွေပါတွေ share လို့ရပါတယ်။ မြန်မာနိုင်ငံမှာအသုံးနည်းပါတယ်။


http://www.amazon.com
အွန်လိုင်းမှာအလွယ်တကူ သင်လိုချင်ရာ ၀ယ်နိုင်မယ့် Online ဈေးကွက်ပါ။


http://www.live.com
MSN  အကောင့်ကိုဝင်ရမယ့်နေရာပါ။ ပြီးတော့ သူက Microsoft ရဲ့ဆွေမျိုးတော်တွေပါ။
Source: Alexa Ranking

Tuesday, 6 August 2013

Website Domain တို့ရဲ့ အခြေအမြစ်များ [Ebook]

မင်္ဂလာပါ။ Tech in Blogging မှ ၆လပိုင်းက ထုတ်လုပ်တဲ့ Ebook ပါ။ တခြားဝဘ်ဆိုဒ်တွေမှာတော့ share ပြီးပါပြီ။ ဒီဆိုဒ်မှာပဲ ယခု share တော့မှာပါ။ နောက် Ebook တွေလည်း Release မလုပ်မီ Cover page တွေနဲ့ ကြော်ငြာတော့မှာပါ။ မြန်မာပြည်သူပြည်သားတွေလည်း နောက် release တွေကို မှန်မှန်သိရတော့မှာပါ။ ကျွန်တော်တို့လည်း အောက်တိုဘာ ၊နိုဝင်ဘာလ နှစ်လလုံး post ရေးတာ ခေတ္တရပ်နားမှာမို့ အားလုံး သည်းခံပေးကြပါ။ စာမေးပွဲတွေကြောင့် အားလုံးထားခဲ့ရတော့မှာပါ။ ကဲ။ ခုတော့ ဒေါင်းလုတ်လင့်တွေပေးမယ်ဗျာ။

Download => Link 1 / Link 2 / Link 3 / Link 4

အခြားသောကျွန်တော်တို့ release လုပ်တဲ့ Ebooks တွေကို ဖတ်ချင်ရင် ဒီကိုကလစ် ပါ။ အဆင်ပြေပါစေ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 13 May 2013

Tech in Blogging ရဲ့ပိုစ့်အားလုံးကို Android ဖုန်းတစ်လုံးရှိရုံနှင့်ဖတ်နိုင်

မင်္ဂလာပါ။ Tech in Blogging မှအထူးကြိုဆိုလျက်ပါ။ ယခု သတင်းကောင်းကတော့ လူကြီးမင်းတို့အားလုံးနီးနီး Android phone တစ်လုံးပိုင်ဆိုင်နေကြပါပြီ။ Tech in Blogging မှ Android version နဲ့ထွက်နေပါပြီ။ တခြားဖုန်းနဲ့ရအောင်ကြိုးစားကြည့်မှာပါ။ ကဲ။ ဒေါင်းလုတ်ဆွဲလိုက်ကြစို့ဗျာ။

Download Now ကိုကလစ်ပါ။ Page တစ်ခုပေါ်လာမယ်။ Skip Ad ကိုကလစ်ပါ။ ပြီးရင် Download ဆွဲနိုင်ပါပြီ။ အဆင်ပြေပါစေ။


(This is our icon for Version 1.0. If you use this icon for illegal, all those faults will not be responsible to us.)


နောက်ထပ် Version အသစ်တွေလာဦးမည်။ မျှော်။

http://adf.ly/OxvEp 

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Wednesday, 8 May 2013

သင့်၏ Blogger site တွင် Malware ရှိ/မရှိစစ်ဆေးနည်း (Blogger only)

အားလုံးပဲ Tech in Blogging မှကြိုဆိုပါတယ်။ ခုတော့ Blogger Tip လေးတစ်ခုရေးလိုက်ပါဦးမယ်။ အားလုံးနီးနီးမှာလည်း Blogger ဆိုဒ်လေးပိုင်ဆိုင်မှာပဲ ဒါပေမယ့် သူတို့ရဲ့ဆိုဒ်မှာ ဗိုင်းရစ်ရှိမရှိ မသိတာတောတော်ခက်မှာပဲ။ တစ်ချို့တွေကတော့ သူတို့ဆိုဒ်ကိုတစ်နေကုန်အပင်ပန်းခံပြီးပြူးပြဲရနေကြပါတယ်။ ကျွန်တော်အကောင်းဆုံး Malware scanner site တွေ share သွားမှာပါ။

http://adf.ly/OfObO မှာဖွင့်ပါ။ {ဒီမှာ} ကလစ်ပါဗျာ။ ပြီးရင် Scan လုပ်ပါ။ ခဏစောင့်ပါ။

ဒါက ကျွန်တော့် result ပါ။ Malware မရှိကြောင်းပြထားပါတယ်။ နောက်တစ်ပုံကြည့်ရအောင်

ဒါက Malware ရှိတဲ့ဆိုဒ်တစ်ခုကို scan ပေးထားတာပါ။ Deface အလုပ်ခံရရင်လည်း ဒီ scanner ကတန်းသိနိုင်ပါတယ်။ Malware ရှိပြီဆိုတာနဲ့ http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဖတ်ပါ။


http://adf.ly/OfT9G မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
ခု Software သမားတွေလည်း forum မှာသက်သေပြဖို့သုံးသလို Blogger site ပိုင်တဲ့သူလည်းသုံးသင့်ပါတယ်။ အောက်က ကျွန်တော့်ဆိုဒ်ကို scan လုပ်တာပါ။ Malware မရှိကြောင်း သက်သေပြပါပြီ။


http://adf.ly/Ofchc မှာကလစ်ပါ။ {ဒီမှာ} ကလစ်ပါ။
 
Scan လုပ်ရင်တော့ကြာတယ်။ ဒါပေမယ့် စုံတယ်။ လုပ်ကြည့်ပါ။ အောက်ပါပုံက ကျွန်တော့်ဆိုဒ်ကို scan လုပ်ထားတဲ့သက်သေပါ။
ပထမ နဲ့ တတိယ Malware scanner ကိုကျွန်တော်ပိုပြီးနှစ်သက်ပါတယ်။ သေချာတယ်ဆိုတဲ့အထဲမှာပေါ့။ တခြား scanner တွေကိုလိုလိုမယ်မယ် share ထားမယ်လေ။ ကျန်တာတွေကတော့ သက်သေမပြတော့ပါဘူး။

http://adf.ly/Off3V
http://adf.ly/Ofg0M
http://adf.ly/Ofg70

Malware ဘယ်မှာရှိလဲသိပြီဆိုရင် http://techinblogging.blogspot.com/2013/04/malware-warnings-blog-site-blogger-only.html ကိုဆက်ဖတ်ပါ။ အဆင်ပြေပါစေ။ လိုရင် update လုပ်ဦးမှာပါ။ :)

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Google+ commenting system ရဲ့ အကောင်းနှင့်အဆိုး

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။Google+ ကခုလူသုံးများတဲ့ သတင်းတစ်ခုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုတွေမသုံးကြပေမယ့် နိုင်ငံခြားမှာ အားလုံးနီးနီးသုံးနေကြတာကို ကျွန်တော်တို့သတိထားမိပါတယ်။ ကျွန်တော်ကတော့ Google+ ကိုခုထက်ထိမပြောင်းသေးပါ။
Blogger Profile ဟာ တဖြည်းဖြည်းနဲ့ စပျောက်ကွယ်ပြုပါပြီ။ Google+ ကို ဇန်န၀ါရီ ၁၁ရက် ၂၀၁၂ တွင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစပြီး Blogger user profile တွေဟာ Google + user profile အဖြစ်ပြောင်းလဲသွားပါတယ်။  Facebook လိုပဲ social ဆန်လာပြီး လှတယ်ဆိုပေမယ့်လည်း တချို့လူတွေက Blogger Profile ကနေ Google+ အဖြစ်ပြောင်းလဲရမှာကို အလွန်နှမြှောမိပါတယ်။ Google + ကတော့ Blogging သမားတွေအတွက် ကျောနောက်ခံဖြစ်လာတာပေါ့။
Spam ကို filter လုပ်ပေးတဲ့ ကောင်းကျိုးပါ။ Spammers တွေကိုလည်းကြောက်နေစရာမလိုပါဘူး။ ကာလာတို့ ဆိုက်တို့ လင့်တွေလည်းပေးလို့ရပါတယ်။ Backlink မပါဘူး။ သင့် Blog ရဲ့ Speed loading ကိုလည်းစိတ်ပူစရာမလိုဘူး။

WordPress မှာပေးတဲ့ automatic စာပြန်တာမျိုး Blogger commenting system မှာလုံးဝမရှိပါ။ OPENID အကောင့်နဲ့ Anonymous နဲ့ Name/URL နဲ့ spamming လုပ်နေကြပါတယ်။
Google+ ဟာ Facebook နဲ့အပြိုင်ရေပန်းစားနေတုန်းပါ။ Google+ ဟာနေ့ချင်းညချင်း နာမည်ကြီးပါတယ် ဘာလို့လဲဆိုတော့ Google ရဲ့ဌာနတစ်ခုမို့လို့ပါ။ Google+ ဟာ နေရာတိုင်းနီးနီးမှာအသုံးဝင်နေဆဲပါ။ Gmail အကောင့်ရှိရင် Google+ profile ကိုလုပ်ဖို့မခဲယဉ်းတော့ပါဘူး။
+1 ပေးလို့ရတယ်။ Blogging သမားတွေအတွက် သတင်းကောင်းတစ်ခုပါ။ Google+ commenting system ထည့်ရင် နာမည်မပါတဲ့သူတွေနဲ့မကြုံရတော့ပါဘူး။ +1 ပေးဖို့ပိုများမယ်။ Google+ သုံးစွဲသူ ပိုများလာမယ်။ Share လုပ်လို့ရမယ်။ Reply တွေလာရင် notifications တွေမှန်မှန်ပေးပါတယ်။ public ဖြစ်တဲ့ commenting အဖြစ်လည်းသုံးဆောင်လို့ရမှာပါ။ Google + profile ရှိရုံနဲ့ comment ပေးရတာရှယ်ပါပဲ။
Google+ မသုံးတဲ့ user တွေအတွက်တော့ အခက်အခဲကြုံရပါလိမ့်မယ်။ Comments တွေဟာ domain အသစ်ပြောင်းတာနဲ့ အဆင်မပြေတော့ပါ။ Stat (comment ပေးသူနှုန်း) တွေမှားနေပါလိမ့်မယ်[လောလောဆယ်ပါ]။ Google+ commenting system ကြောင့်သင့် Blog loading speed ထိခိုက်ပါလိမ့်မယ်။ Google+ commenting system ကြောင့် Blog loading speed မထိခိုက်စေချင်ရင် http://techinblogging.blogspot.com/2013/04/blogger-site.html မှာဖတ်ပါ။


Editor's desk >>>
Google+ commenting system ကောင်းတာမကောင်းတာ သင်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ ကျွန်တော်ကတော့ Google+ profile ကိုခုထက်ထိမပြောင်းရသေးပါ။ သင့် Blog speed ကိုမြှင့်တင်မယ်ဆိုရင် Home မှာ ပိုစ့် ၅ခုပဲထားပါ။ http://techinblogging.blogspot.com/2013/04/blogger-site.html မှာလည်း Blog မြန်ဆန်အောင်လုပ်နည်းဖတ်ပြီး လုပ်ပါ။ အဆင်ပြေပါစေ။ :)


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Friday, 3 May 2013

Facebook Page တစ်ခုဖြစ်လာအောင်ဖန်ဆီးတည်ဆောက်ခြင်း

မင်္ဂလာပါ။ Tech in Blogging 's Facebook စာမျက်နှာမှာ Facebook စာမျက်နှာလုပ်နည်းကိုမေးနေလို့ ခုလိုအဖြေပေးလိုက်ပါတယ်ဗျာ။ သိတဲ့သူတွေအတွက်တော့ ဒါတွေက မစိမ်းပါဘူးဗျာ။



http://adf.ly/OFtWu ကိုသွားပါ။ {ဒီမှာ} ကလစ်ပါ။

သင်တို့ဒီစာမျက်နှာကိုရောက်သွားပါလိမ့်မယ်။ ဘာဆက်လုပ်ရမလဲဆိုတော့ ဆက်ဖတ်ကြည့်ပေါ့။
Website သမားတွေရဲ့အကောင်းဆုံးနေရာကတော့ Band or Product ကိုရွေးပါ။ ကျွန်တော် ၀ိုင်းပေးထားပါတယ်။
ပြီးတော့ သင်ပေးချင်တဲ့အမည်ရယ် Page အမျိုးအစားပေးပေါ့ ။ ကျွန်တော်က Internet/Software လို့ပေးထားပါတယ်။
ပုံတင်ဖို့ဆိုရင် Upload From Computer ကိုကလစ်ပါ။ သင်နှစ်သက်ရာပုံတင်နိုင်ပါသည်။ မတင်ချင်ရင် Skip ကို တန်းကလစ်ပါ။
ဒုတိယအဆင့် About ကိုရောက်ပြီဗျာ။ Please provide some basic info about Page name bar. မှာ သင် သင့်တော်သလိုရေးပါ။ For example: your website, Twitter page or Yelp link မှာ သင့်ရဲ့ ၀ဘ်ဆိုဒ်ရေးပါ။ (ဥပမာ- http://techinblogging.blogspot.com)
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့ box က Facebook page address ပါ။ အဲ့ဒါရှိရင် အလွယ်တကူဝင်လို့ရပါတယ်။ ဒါပေမယ့် နောက်တစ်ခါပြောင်းလို့မရတော့ပါဘူး။ ဥပမာ ကျွန်တော့်ရဲ့ Facebook page link က http://www.facebook.com/TechinBlogging ပါ။ အနောက်က သင့်ရဲ့ address လေးဖြစ်ပါတယ်။ အဲ့ဒီ address ကိုနောက်တစ်ခါပြောင်းခွင့်မရပါဘူး။ Address မသုံးချင်ဘူး ရိုးရိုးဆိုရင် Skip ကိုကလစ်လိုက်ပါ။
ခုတော့ အောင်မြင်စွာရပါပြီ။ သင့်ရဲ့ Page အသစ်တစ်ခုတည်ဆောက်ပြီးပါပြီ။
တန်ဆာဆင်ဖို့ဆိုရင်တော့ ကိုယ်ဘာသာကိုယ်လုပ်ကြပေါ့ဗျာ။ Facebook Timeline တို့ကတော့ ကိုယ့် profile မှာအလှဆင်သလိုပါပဲ။ :) . ကျွန်တော့်ရဲ့ Facebook စာမျက်နှာလေးကိုလည်းလာလည်ပါဦး။ http://www.facebook.com/TechinBlogging ဖြစ်ပါတယ်။


ဒီပိုစ့်နှင့် သက်ဆိုင်သောပိုစ့်များ >> သင့်Blogက ပိုစ့်တွေကို Google+ တွင် Automatic ရောက်အောင်လုပ်နည်း (WordPress only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only) [Part-2]


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Thursday, 2 May 2013

Tech in Blogging မှ Website ၏လိုအပ်ချက်များကိုဖြည့်ပေးနေဆဲ

မင်္ဂလာပါ။ Tech in Blogging မှသင့်တို့၏လိုအပ်များကို ဖြည့်ပေးဖို့ နည်းလမ်းအချို့တွေ share လိုက်ပါမယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ ပြင်ပေးခဲ့သောဆိုဒ်အချို့တွေလည်း သည်နေရာမှာ ဖော်ပြမှာဖြစ်ပါတယ်။ နောင်လည်း ကျွန်တော်တို့ ပြင်ခဲ့တဲ့ဝဘ်ဆိုဒ်တွေကိုလည်းဖော်ပြဦးမှာပါ။



၂၀၁၃ မတ်လအစောပိုင်းတုန်းက ဒီ page လေးလုပ်ခဲ့တာပါ။ အမှန်တော့ Blogger ဆိုဒ်မဟုတ်ပါဘူး။ Hosting ဆိုဒ်တစ်ခုနဲ့ ကျွန်တော်က ဒီဇိုင်းရေးပေးထားခြင်းဖြစ်ပြီး Technological Villa မှ အစ်မဆုရတနာက contact စာမျက်လေးရေးခဲ့တာဖြစ်ပါတယ်။ ယခုတော့ ကျွန်တော်လင့်အစစ်ကိုမပြရတဲ့ အကြောင်းအရင်းမှာ Technological Villa ရဲ့ပိုင်ရှင်စက်ကပျက်သွားလို့ ခုထက်ထိ မတင်ရသေးတာဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာ ဘလော့လေးလာလည်ပါဦးဗျာ။ Support us ဆိုတဲ့စာမျက်နှာက လောလောဆယ်မပြသေးပါ။





ဘလော့ခရီးသည်ကို လူတိုင်းနီးနီးသိပါတယ်ဗျာ။ သူကလည်း နာမည်ကြီးဘလော့ဂါတစ်ယောက်ထဲမှာပါတယ်။ သူက ကျွန်တော့်ရဲ့ [သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ] ကိုဖတ်ပြီး ကျွန်တော့်ကိုအကူအညီတောင်းပါတယ်။ ကျွန်တော်က သူ့ရဲ့ site template ကိုမပြင်ပါ။ ကျွန်တော်သတိထားမိတာက သူ့ရဲ့ Blog site လေးဖွင့်လိုက်တိုင်း ညာဘက်က sidebar လေး ဟမ်းနေတာကိုသတိထားမိပါတယ်။ ၂၀၁၃ခုနှစ် ၁ရက်နေ့ မေလ မှာတော့ အောင်မြင်စွာ ဆိုဒ်ကိုအတတ်နိုင်ဆုံးမြန်အောင်လုပ်ပေးထားခဲ့ပါတယ်။




ကျွန်တော်(YGNBlogger)ရဲ့ဆိုဒ်လည်း ဖြစ်ခဲ့သလို ခုတော့ မပိုင်တော့ပါဘူး။ ခု Ben Yaung ကို Co-founder အဖြစ်လွှဲထားပါတယ်။ Ben Yaung ပိုင်နေတဲ့ Blog လေးပါ။ သူ့ဆိုဒ်လေးက Gaming နဲ့ပတ်သတ်တာတွေပါ။ အထူးသဖြင့် Counter-Strike ပါ။ Counter Strike Online-Myanmar လို့အမည်ရထားပါတယ်။


*Last updated : 2/5/2013


နှင့်... အခြားစိတ်ဝင်စားစဖွယ် ခေါင်းစဉ်များ


Tech in Blogging မှ ဒီဇိုင်းနှင့် ဆိုဒ်မြန်ဆန်မှုကို ဈေးနှုန်းသက်သာစွာဖြင့်ရေးဆွဲပေးနေပါပြီ။ ကျွန်တော်တို့ရေးဆွဲပေးသော ဆိုဒ်အမျိုးအစားများမှာ - Dreamweaver | Blogger | Flash Website တို့ဖြစ်ပါတယ်။ လူကြီးမင်းတို့ပိုင်ဆိုင်သော ၀ဘ်ဆိုဒ်တွေဝင်ရလေးနေရင် ၀င်ရသူတိုင်းပေါ့သွားအောင် သင့်တော်သော ဈေးနှုန်းဖြင့် Optimize လုပ်ပေးသည်။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday, 22 April 2013

တစ်ချိန်တုန်းက Social networking ဆိုဒ်တစ်ခုဖြစ်ခဲ့တဲ့ www.Multiply.com

မင်္ဂလာပါ။ ခုဒီစာလေးကိုဖတ်တဲ့ သူငယ်ချင်းတွေလည်း Multiply website ကဖြစ်ကောင်းလည်းဖြစ်နိုင်ပါလိမ့်မယ်။ Tech in Blogging မှ www.multiply.com ရဲ့တစ်ချိန်တစ်ခါက ဘာလေးဖြစ်ခဲ့တယ်ဆိုတာကိုပြောပါဦးမယ်။ သမိုင်းလေးကို ရှာရှာဖွေဖွေလေးပေါ့။


၂၀၀၉ ခုနှစ်တုန်းက Multiply စသုံးခဲ့ပါတယ်။ အဲ့အချိန်တုန်းကဆိုရင် Blogger တို့ WordPress တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ACCESS DENIED ဖြစ်ခဲ့ပါတယ်။ လူတိုင်းက Blog တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ် ကျွန်တော်လည်း အပါအ၀င်ပေါ့။ ကျွန်တော့်မှာအားကျတဲ့ ဆရာတွေရှိပါတယ်။ အရင်ကဆိုရင် kp3family၊ ညီနေမင်း၊ ဇောင်း၊ ကိုဇော် တို့ပေါ့။ သူငယ်ချင်းတွေက Multiply သုံးတော့ ကျွန်တော်လည်းသူတို့မျှားခေါ်တဲ့နေရာကိုရောက်သွားပါတယ်။

အဲ့ဒီကိုရောက်တော့ ကျွန်တော်က ကိုဇော်တို့ ကိုဇောင်းတို့ရဲ့အရည်အချင်းကို အားကျတော့ လိုက်တုမိပါတယ်(ကျွန်တော်လူတော်ခုထက်ထိမဖြစ်သေးပါ)။ နောက်တော့ Multiply ဟာဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတော့တယ်။ Facebook လိုပဲ တစ်ယောက်နဲ့တစ်ယောက်ခင်ရအရမ်းလွယ်ပါတယ်။ ကိုယ်ပိုင်တဲ့ Blog လိုပဲ  ဆိုဒ်လေးကို အလှဆင်လို့ရပါတယ် [ချွင်းချက်။   ။ Javascript မပါ]။ တစ်ခုကောင်းတာက တခြားဆိုဒ်တွေလို phishing လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ပိုစ့်လေးတွေလည်း ဝေမျှရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် Blogger တို့ WordPress တို့နဲ့ဆန့်ကျင်ဘက်တွေအရမ်းများပါတယ်။

လူတိုင်းချစ်ပြီး ကိုင်လို့ကောင်းတဲ့ Multiply platform လေးဟာ ၂၀၁၂ ဒီဇင်ဘာမှာ ပျောက်ကွယ်မယ်လို့ ကြားသိခဲ့ရပေမယ့် ၂၀၁၃ မှာတော့ Philippines တို့ရောင်းဝယ်ရာ online ဈေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။


 Multiply ကိုတည်ထောင်ခဲ့တဲ့ Stefen Magdalinski

Multiply အသက်ဝင်တဲ့အချိန်က ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လေးအမြစ်ပေါက်တဲ့ နှစ်က နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၀၀ ခုနှစ်ပါ။ တည်ထောင်သူကတော့ Stefan Magdalinski (အထက်ပါပုံ) ဖြစ်ပါတယ်။ Multiply ရဲ့တည်နေရာကတော့ Singapore ဖြစ်ပါတယ်။ သူတို့က Philippines ကိုအဓိကချိတ်ဆက်ထားတာပါ။ အစကတော့ social networking နဲ့အတူ စီးပွားဖြစ်ဖို့အတွက် တည်ထောင်လိုက်တာပါ။ အရင်တုန်းကတော့ MSN ကို Microsoft ကပယ်မှာမို့ Multiply က အသက်သွေးကြောအဖြစ် ကယ်တင်ထားခဲ့တာပါ။


ဖြစ်ခဲ့ပါတယ်။ အပေါ်က logo လေးက အရင်က Multiply လေးပါ။ အဲ့ဒီ logo ရဲ့အဓိပ္ပါယ်က လူမှုကွန်ယက်နှင့် မိတ်ဆွေဖွဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဘလော့တင်မကပါဘူး။ သီချင်း၊ ဗီဒီယို၊ စာတို၊ ဓာတ်ပုံပါတင်လို့ရပါတယ်။ တစ်မူထူးခြားတာက တင်ပြီးရင်သူများ Email ကို Subscribe လုပ်ပေးလို့ရပါတယ်။ Multiply ကိုဆိုဒ်ကလေးအဖြစ်ဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ မိသားစုအဖြစ်နဲ့လည်း ပေါင်းလို့ရပါတယ်။ ပြီးတော့ ၀င်ရတာအလွန်လွယ်ကူလှပါတယ်။

၂၀၁၃ Multiply အထက်ပါ logo ကတော့ လုံးဝအသုံးမကျတဲ့ logo ပါ။ အရင်ကအသက်ရှင်နေတဲ့ Multiply users များကို ကစ်လိုက်တဲ့ logo ပါ။ Indonesia နဲ့ Philippines အတွက်ပဲရပါတယ်ဆိုဘဲ။ ၂၀၁၃ မှာ ပြောင်းလဲသွားတဲ့ Multiply အကြောင်းကို နိဒါန်းမရေးပါဘူးဗျာ။

India ၊ Indonesia ၊ Philippines ၊ USA ၊ Pakistan ၊ Thailand တို့ဖြစ်ပါတယ်။ အများစုက India ပါ။

မိသားစုပုံ၊ သားသမီးပုံ၊ အမှတ်တရပုံ၊ ကာတွန်းပုံတွေလူအသုံးများပါတယ်။ သီချင်းတွေကိုတော့မတင်ဖြစ်ဘူး။ နည်းပညာတို့ မှတ်စုတိုလေးတွေ စုဆောင်းတဲ့နေရာအဖြစ် Multiply ကအသုံးဝင်ခဲ့တာပါ။ ပြီးတော့ ဒီမိုကရေစီခေတ်မတိုင်မီတုန်းကဆိုရင် proxy ကျော်ဖို့အခက်အခဲရှိတာကြောင့် အသုံးများတာပါ။ နောက်တစ်ခုက အရင်က ACCESS DENIED ကြောင့်မြန်မာနိုင်ငံမှာ Blogger, WordPress ဆိုတာ သုံးမရလို့ Multiply ကဘလော့အဖြည့်ခံအဖြစ်နဲ့ social networking ကိုထိုးဖောက်လာတာပါ။ မိသားစုလည်း ဖွဲ့လို့ရတယ်ဆိုတဲ့ Multiply ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် communication လုပ်ရအလွန်လွယ်ကူပါတယ်။ HTML တို့ CSS တို့ရေးရတာအလွန်လွယ်ကူလှပါတယ်။ share လုပ်ရတာ လွယ်ကူလှပါတယ်။

သူက Blogger လို Javascript မရပါဘူး။ Custom domain မရပါဘူး။ Free နဲ့ Premium service နဲ့လည်း ခွဲခြားထားပါသေးတယ်။ နောက်ပိုင်းတော့ shopping service ထွက်လာတဲ့အတွက် ဆိုဒ်ပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း ချို့ယွင်းလာခဲ့ကြပါတယ်။



ဒီ Graph က ဖေဖေါ်ဝါရီလ ၂၀၁၃တုန်းက နေ ယခုဧပြီလအထိ Alexa မှဖော်ထုတ်ထားတဲ့ result ပါ။ March ၂၃ရက်နေ့ ၂၀၁၃ မှာ ကျွန်တော်တို့ချစ်တဲ့ International Multiply ကြီးဟာ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အသုံးပြုဦးရေဟာ တစ်ရှိန်ထိုးကျဆင်းသွားပါတယ်။ Philippines နဲ့ Indonesia အတွက်ပဲဖြစ်ပါတယ်။ ခု  Philippines နဲ့ Indonesia  တို့ IP နဲ့ပဲဝင်လို့ရပါမယ်။ Multiply ကို sign up လုပ်ရင် ကျွန်တော်ပေးတဲ့လင့်နဲ့ဖောက်ဝင်ပါ။

ဒီ proxy တွေကိုသုံးပြီး login ကိုဝင်လို့ရအောင်ပါ။ Hack နည်းဆိုပေမယ့် ကိုယ့်အတွက်ပဲအသုံးဝင်တယ်။ ဘယ်သူ့အတွက်မထိခိုက်ပါဘူး။
Philippines proxy - http://adf.ly/NUqva
Indonesia proxy - http://adf.ly/NVDhh


ဒီဇင်ဘာ ၁ရက်နေ့ ၂၀၁၂ မှာ ကြော်ငြာခဲ့တာပါ။ Multiply ကဈေးတန်းဖြစ်မှာမို့ အနှေးအနဲ့အမြန် Blogger သို့ရွေ့ပါလို့ပြောကြားခဲ့ပါတယ်။ အတည်ပိတ်ခဲ့တာတော့ March လမှ social networking ဘ၀မှ သေဆုံးသွားပါတယ်ဗျာ။



အများကြီးရှိပါသေးတယ်။ ခုလိုလဖတ်တာကျေးဇူးတင်ပါတယ်။ တစ်ချိန်တစ်ခါက အတိတ်ကို ကျွန်တော်ဖော်ပြတာပဲရှိပါတယ်။ သိရင် အောက်ပါအတိုင်း comment ပေးပါဗျာ။ လေးစားစွာဖြင့် ,,, YGNBlogger

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.