Friday 17 May 2013

သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ (အပိုင်း-၂) [Blogger only]

မင်္ဂလာပါ။ Tech in Blogging မှ ဘလော့အမြည်းလေးတစ်ခုတင်ပေးပါဦးမယ်ဗျာ။ သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ ကို ပထမတုန်းကတင်ပြီးလေဖြစ်ပါတယ်။ ဒီတစ်ခါတော့ အဲ့ဒါကို ဖြည့်စွက် တင်ဦးမှာပါ။ ဆက်ဖတ်ကြည့်ပါ။

အနည်းဆုံး ၅ပိုစ့်ပဲ ပင်မမှာထည့်ပါ။ ကျွန်တော်ကတော့ ၇ပိုစ့်ပဲသုံးပါတယ်။ Google + Commenting System ပါလာပြီဆိုရင်တော့ ကိုယ့်ဘာသာကိုယ်သင့်တော်အောင် ကြည့်သုံးပါ။ ကျွန်တော်ခု ထည့်နည်းလေးပါ ပြောပြလိုက်ပါမယ်။

ထည့်နည်းကတော့ Blogger ကိုသွားပါ။ Settings ကိုသွားပါ။ Posts and comments ကိုကလစ်ပြီး Posts ရဲ့အောက်မှာ Show at most ? မှာ သင့်တော်သလိုတာရွေးပေတော့။ အကောင်းဆုံးကတော့ ၆နှင့်၇ ပိုစ့်အကြားပဲကောင်းပါတယ်။

ခုနက အပေါ်က အဆင့်တိုင်ကြည့်ရှင်းပါ။ ဆိုးကျိုးကတော့ သင့် Blog site ရဲ့ speed နှုန်းကျသွားမယ်ဖြစ်တဲ့အတွက် ပိုစ့်တွေကိုလျှော့လိုက်ပါ။ Google + ရဲ့ Commenting System ကို http://techinblogging.blogspot.com/2013/05/google-commenting-system.html မှာဖတ်ကြည့်ပါ။



လူတိုင်းက ဖြတချို့ Blog site တွေဆိုရင် မလိုလည်းထည့် လိုလည်းထည့်တော့ လေးနေတာပေါ့ဗျာ။ ဘေးမှာ အများကြီးထည့်ခဲ့မိရင် တော်ရုံနဲ့ အင်တာနက်ကွန်နက်ရှင်မကောင်းတာနဲ့ အပြည့်မတက်လာတော့မှာမဟုတ်ပါဘူး။ အပြည့်မတက်လာလျှင် Warning တွေခဏခဏ တက်လာမှာဖြစ်ပြီး လာလည်သူတွေအတွက် function အပြည့်ကြည့်လို့ရမှာမဟုတ်ပါဘူး။ တခြားနည်းလမ်းတွေရှိပါသေးတယ် ဒီမှာ ဖတ်ကြည့်ပါ။

လျှော့နည်းကတော့ ဒီလိုရှိပါတယ်။ ပုံတွေကိုလျှော့လိုက်ပါ။ Blogger Widgets နှင့် html , ပုံအမျိုးမျိုးစသဖြင့် လျှော့သင့်ပါတယ်။



ဓာတ်ပုံနဲ့ Script (javascript, html, .etc..)  တို့တင်မယ်ဆိုရင် Hosting တစ်ခုတည်းကိုပဲရွေးပါ။ ဓာတ်ပုံတွေ တင်မယ်ဆိုရင် PhotobucketImageShackHerosh မှာလုံးဝမတင်ပါနဲ့။ Photobucket ဆိုရင် ပုံမြင်ကြာလို့ပါ။ Herosh မှာတော့ ပုံက ပျက်သွားတာများပါတယ်။ ImageShack လည်းပုံတင်တာမြန်ဆန်ပေမယ့် အကောင့်မလုပ်ထားရင် ပုံပျက်သွားတာများပါတယ်။ Script တင်မယ်ဆိုရင်တော့ Google Codes ကိုလုံးဝမသုံးပါနဲ့လို့ပြောစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ Google Codes မှာ Authentication ထည့်ဖို့တောင်းပါတယ်။ သင့် Blog site မှာအဲ့ဒါဖြုတ်စေချင်ရင် http://techinblogging.blogspot.com/2013/05/authentication-required-pop-up-box.html ကိုသွားဖတ်ပါ။

တခြား hosting မှာရှာကြံပြီးတင်ကြည့်ပါ။ Javascript တင်ချင်တဲ့ မိတ်ဆွေတွေအတွက်ဆိုရင်တော့ Your Javascript မှာသွားတင်ပါ။ မတင်မီ သင့်ရဲ့ Email လိပ်စာပေးပါ။ တင်ပြီးက ထိုScript link ကသင့်ရဲ့ အီးမေးလ်ထဲရောက်နေမှာဖြစ်ပါတယ်။ ပြီးရင် သင် Blog site ရဲ့လိုတဲ့နေရာမှာချိတ်ရုံပဲ။


Editor's tips ►
သင့်ဆိုဒ်လေးပေါ့ပေါ့ပါးပါးဖြင့် လူအလာများပါစေဗျာ။ ဘာမှမဟုတ်တဲ့ script တွေကြောင့် Blog site မပျက်သွားပါစေနဲ့။


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

0 comments:

Post a Comment