Tuesday 30 April 2013

Malware Warnings ကိုသင့် Blog site ကနေဖျက်မယ် (Blogger only)

မင်္ဂလာပါ  Tech in Blogging မှ လိုလိုမယ်မယ် topic တစ်ခုရေးလိုက်ပါတယ်။ Malware ဆိုတာကလည်း ဗိုင်းရစ်တစ်မျိုးပါပဲ။ အဲ့ဒါရှိရင် Blogger လည်းလက်မခံပါဘူး။ သင့် Blogger site က Malware အဖြစ်မှတ်ခံရပြီး အပိတ်ခံရရင် ပိုဆိုးပါလိမ့်မယ်။ ဘယ်လိုလဲဆိုတော့ ဖုန်းနံပါတ်နဲ့ပြန်ဖွင့်ပြီး ဖျက်နေရတာပါ။


Malware ဆိုတာကတော့ Website တွေမှာရှိပါတယ်။ သူတို့ကတော့ virus အမျိုးစားတစ်မျိုးပေါ့။ Website မှာ ရှိပြီဆိုရင် စာဖတ်သူတွေရဲ့စက်ကော၊ စာရေးသူတွေရဲ့စက်ပါထိခိုက်လာပါပြီ။ ကိုယ်မသိရင်တော့ ထိခိုက်တာပေါ့ဗျာ။



ဖြုတ်မယ်ဆိုရင်တော့ Google Chrome ကိုသုံးပါဗျာ။ စစ်ကြည့်ပါ။ သင့်ဆိုဒ်မှာရှိမရှိ။ ဒါကအကောင်းဆုံးပါ။ ကဲ။ ဥပမာ အနေနဲ့ micronarratives.blogspot.com မှာ virus ပါတယ်ပဲဆိုပါတော့ ကဲ ဘာလို့ပါလဲဆိုတာကိုဆက်ကြည့်ရအောင်။
Content from www.c4service.politecalab.org ဆိုမှာပေါ့။  တစ်ခုခုစစ်ရင် Content from အနောက်လင့်ကိုစစ်ပါ။

ဘယ်လိုရှင်းထုတ်မလဲ

သင်ဆိုဒ် templates (သို့မဟုတ်) layout မှာ Ctrl + F ကိုသုံးပြီးရှာပါ။ တွေ့တာနဲ့ ချက်ချင်းဖျက်ချပါ။ ဒါဆိုရင် အဲ့ဒီ warning ကြီးပျောက်သွားပြီဖြစ်ပါပြီ။ သင်တို့ Blogger site လေး ဘာမှမဟုတ်တဲ့အပြစ်လေး ကနေ ရှောင်ရှားနိုင်ကြပါစေ။


Blogger ဆိုဒ်ပိုင်ဆိုင်သူများအတွက် => သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday 29 April 2013

သင့်Blogက ပိုစ့်တွေကို Google+ တွင် Automatic ရောက်အောင်လုပ်နည်း (WordPress only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုလျက်ပါ။ ခု Google+ ကိုနိုင်ငံတကာအသုံးများပေမယ့် မြန်မာ မှာတော့ အသုံးနည်းပါသေးတယ်။ ခု WordPress Hosting ဆိုဒ်ရှိတဲ့သူတွေအတွက် သတင်းကောင်းပြောပြပါဦးမယ်ဗျာ။ ကျွန်တော်လည်း ရှိခဲ့ဖူးပါတယ်။ အရင်က WordPress စကိုင်တာပေါ့။ ဒါပေမယ့် Blogger ပဲပိုကြိုက်တယ်။
Google + မှာ Manually တင်ရမှာရှုပ်တဲ့သူတွေ၊ ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက် သတင်းကောင်းလေးပါ။ auto ပေးလိုက်ရင် မည်သူမဆို လွယ်ကူမှာပါ။ Google + ဟာ ခု Facebook လိုပဲ နာမည်ဟိုးဟိုးကျော်နေပါတယ်။



  • Facebook မကိုင်သူတွေအတွက် Google + မှာအလွယ်တကူယူလို့ရပါတယ်
  • သင့်ကိုလာအပ်တဲ့ circle တွေပိုများမယ်
  • စာဖတ်သူတွေရဲ့ Google + မှာအလွယ်တကူဖတ်လို့ရတယ်
  • Twitter မကိုင်သူတွေအတွက် Google + မှာအလွယ်တကူယူလို့ရပါတယ်



  • Facebook လိုပုံတန်းပါခြင်း
  • သင်ပိုစ့်တစ်ခုတင်တာနဲ့ Google + ပေါ်တန်းရောက်ပြီဗျာ
  • PHP Script နဲ့ ချိတ်ထားတဲ့အတွက် အိုခေတယ်
ကဲ။ WordPress hosting ကိုင်တဲ့သူအတွက်ပဲနော်။ သတင်းထူးဆိုတော့ အားလုံးသိအောင် မျှပေးစေချင်ပါတယ်။ အောက်က orange button လေးနဲ့ ဟာလေးကို ကလစ်လိုက်နော်။ အောက်ကလင့်ကိုကလစ်ပါ။


Download ဆွဲပြီးတော့ Install လုပ်ပါဗျာ။ ဒီစာမျက်နှာပေါ်လာလိမ့်မယ်။ Google Plus Email Address : မှာ သင်သုံးနေတဲ့ gmail အကောင့် ထည့်ပါ (Google+ ရှိမှဖြစ်မယ်)။ Password ကတော့ သင့်ရဲ့ gmail password ပေါ့။ ပြီးရင် Save ကိုကလစ်ပါ။
Save ကိုကလစ်ပြီးရင် ဒီလိုပေါ်မယ်ဗျာ။ ဟီး။ အီးမေးလ်နဲ့ Password မပြတာကိုစိတ်မရှိပါနဲ့။
ပြီးတာနဲ့ Publish this post to Google Plus? အောက်မှာ Yes ကိုပေးပါ။ Message for Google+ Post (use google+ markup) က သင်တို့သင့်တော်သလိုရေးလို့ရပါကြောင်း။
ပြီးပါပြီ။ သင်ပိုစ့်တစ်ခုတင်ကြည့်ပါ။ သင့်ရဲ့ Google+ မှာရောက်နေတာကိုတွေ့ရပါလိမ့်မယ်။ အဆင်ပြေပါစေ။

ဒီပိုစ့်နှင့် ဆက်ဆက်ရာ ပိုစ့်များဖတ်ကြည့်ပါ => သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)
သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only) [Part-2]


I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ခုဒီနည်းလမ်းကတော့ သိပြီးသားသူတွေအတွက်မရည်ရွယ်ပါဘူး။ ပြီးတော့ ဒီပိုစ့်ဟာ တခြားဘာသာဝဘ်ဆိုဒ်ကနေ ဘာသာပြန်တာမဟုတ်ဘူးလို့ပြောထားစေချင်ပါတယ်။
လူအများစုကတော့ သူတို့ Blogger site လေးကိုလှစေချင်လို့ဆိုပြီး ဟိုဆိုဒ်သွား၊ ဒီဆိုဒ်သွားပြီး Widgets တွေသုံးကြပါတယ်။ သူတို့ Blogger site လေးသွားတာကိုမသိရှာပါဘူး။ ဘာလို့လေးလဲဆိုတာကို ကျွန်တော့်အတွေ့အကြုံအရပြောပြပါမယ်ဗျာ။ ပြီးတော့ ရှောင်ရန်တွေပေါ့။

ကျွန်တော်ဆိုလိုတာက Javascript လုံးဝမသုံးဖို့မဟုတ်ပါဘူး။ လိုတာထက်ပိုမသုံးဖို့ပါ။ ပိုသုံးမိရင် Warning ပေါ်လာပါတယ်။ အဲ့ဒီ Warning ပေါ်လာတာနဲ့ Continue တန်းကလစ်ဖို့မကြိုးစားပါနဲ့။ စက်ပါဟမ်းသွားပါမယ်။ Stop Script ကိုကလစ်ပါ။ Javascript လျှော့သုံးစေခြင်းဖြင့် လာလည်သူတိုးပွားစေပါတယ်။



ကျွန်တော်တို့မြန်မာနိုင်ငံမှာ အင်တာနက်ကွန်နက်ရှင်လုံးဝမကောင်းပါဘူး။ ပုံတွေအများကြီးသုံးရင် ကျွန်တော်တို့ရဲ့ အင်တာနက်စားစေပါတယ်။ ပြီးတော့ အင်တာနက်ကွန်နက်ရှင်ဒေါင်းသွားရင် ပုံတွေတစ်ဝက်တစ်ပျက်နဲ့ မမြင်ရဘဲဖြစ်နေပါလိမ့်မယ်။



Multiply တုန်းက ကိုသားသားလေး သတိပေးခဲ့တာလေးပါ။ Gif ပုံတင်တာနဲ့ site loading ဖြစ်တာတော်တော်ကြာနေပါတယ်။ ပြီးတော့ လာလည်သူတွေအတွက် အခက်တွေ့ပါစေတယ်။ လှတာတော့ တော်တော်လှပါတယ်ဗျာ။



Flash ကိုမသုံးနဲ့လို့မဆိုပါဘူး။ သုံးပါ။ နာရီတို့ သီချင်းတို့ Radio တို့ဆိုရင် flash ပဲအားကိုးနေဆဲပါ။ သုံးပါ။ သင့် Blogger ဆိုဒ်တွေအားလုံးမှာလိုက်သုံးမနေပါနဲ့။ အသုံးနည်းလေ Site load လုပ်တာပိုမြန်လေပဲဗျာ။



တချို့ Blogger Widgets လှလှပပတွေကြောင့် JQuery ကို template မှာပြန်မစစ်ဘဲ ထပ်ခါထပ်ခါတလဲလဲ ပြန်ထည့်မိတဲ့ Blogger site လေးတွေကို သတိထားမိပါတယ်။ မထည့်ရသေးရင်တော့ ထည့်ပေါ့ဗျာ။ မလွန်ကဲစေနဲ့။


Malware Script ဆိုတာက တချို့ဆိုရင် သူတို့ html ကိုခိုးမှာဆိုးလို့ဆိုပြီး encrypt လုပ်ထားတတ်လေ့ရှိပါတယ်။ ကုဒ်တွေ ကိုကာထားရင် ဆိုဒ်လေးလန်စေပါတယ်။ လာလည်တဲ့သူတွေ ဆိုဒ်ကို scanner နဲ့စစ်လို့ Malware တွေ့ရင်သွားပါပြီ။ code ကာရင် Blogger ဆိုဒ်က Malware လို့သတ်မှတ်ပါတယ်



Blogger Widgets စုပုံထားရင် အမှိုက်ကိုပုံထားသလိုပါပဲ။ အသုံးမလိုရင် ဖျက်လိုက်ပါ။ တချို့က သူတို့ Blogger site အောက်မှာ ပုံပြီးထားတတ်တာရှိပါတယ်။ ဒါဆိုရင် အောက်မှာ ဘာရှိနေမှန်းသိမှာမဟုတ်ပါဘူး။ အများကြီးလည်းမထားပါနဲ့။ သင့်ရဲ့ Blogger site ဟမ်းသွားပါလိမ့်မယ်။



တချို့ Blogger Templates တွေဆိုရင် Blogger Widgets တွေထည့်လိုက်တာနဲ့ Blog site ကြီး load လုပ်ရတာ အခက်တွေ့နေပါတယ်။ Blogger Templates ကလှရက်နဲ့ widget တွေကြောင့် ဟမ်းနေပြီး ကြည့်ရဆိုးတာကိုခဏခဏတွေ့ရဖူးပါတယ်။



Mobile မှာစာဖတ်သူတွေအတွက်အဆင်ပြေအောင် Custom နှင့်  No. Show desktop template on mobile devices. ကိုလုံးဝမသုံပါနှင့်။  No. Show desktop template on mobile devices.  ဆိုရင် ပိုဆိုးပါပြီ Mobile ကိုင်တဲ့သူတွေအတွက်အဆင်မပြေဖြစ်ပါလိမ့်မယ်။ Custom ဆိုရင် လှတော့မလှပေမယ့်  စာရင် No. Show desktop template on mobile devices. ပိုမြန်ဆန်ပါတယ်။


သင့်ရဲ့ Blogger Site လေးလည်းလှပြီး load လုပ်ရတာ ဟူးဟူးထပြီးမြန်ပါစေဗျာ။ - Tech in Blogging

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Sunday 28 April 2013

jQuery Exit Pop-up Facebook Like Box Widget (Blogger only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ကျွန်တော့်ဆိုဒ်မှာ အလှဆင်ထားတဲ့ ဒီ box ကိုဝေမျှလိုက်ပါတယ်။ အဲ့ဒါမခက်ပါဘူး။ ဆိုဒ်လေးစ၀င်တာနဲ့ ဒီ fb like box ပေါ်လာတာနဲ့ လူတိုင်းကို Like လုပ်ဖို့ဆွဲဆောင်စေတယ်လေ။
Facebook Like Box ထည့်နည်း

  • Your Facebook Page URL: မှာ သင့်ရဲ့ fb page url ကိုထည့်ပါ။ ကျွန်တော့်ဟာဆိုရင် ( https://www.facebook.com/techinblogging) . Techinblogging အစား သင့်ရဲ့ fb page လင့်ထည့်ပါ။
  • Add to Blogger ကိုကလစ်ပါ။
  • ပြီးတာနဲ့ page တစ်ခုပေါ်လာမည် အဲ့မှာ Add Widget ကိုကလစ်ပါ။ ဒါဆိုရင် အောင်မြင်စွာပြီးဆုံးသွားပါပြီ။
>
မရရင် comment ပေးပါ။ အတတ်နိုင်ဆုံး error bugs တွေကို fix လုပ်ပေးမှာပါ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Thursday 25 April 2013

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only) [Part-2]

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုလျက်ပါ။ အရင်တစ်ခေါက်က ဒီလိုခေါင်းစဉ်မျိုးနဲ့တင်ဖူးပါတယ်။ ဒါက နောက်တစ်ခုပါ။ http://techinblogging.blogspot.com/2013/04/blog-facebook-automatic-blogger-only.html ကအဆင်မပြေဘူးလို့ပြောသံလေးတွေကြားလို့အသစ်တင်ပေးလိုက်ပါတယ်။ ထပ်ပြီးတော့ လူပြိန်းနည်းနဲ့ ၂နာရီလောက်ရေးလိုက်ပါတယ်ဗျာ။ နည်းကတော့ နည်းနည်းခက်ပေမယ့် အဆင်ပြေပါတယ်။

http://adf.ly/NjCcl ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။

Start Sharing ကိုကလစ်ပါ။
Go to Permission Dialog ကိုကလစ်ပါ။
ကျွန်တော်ကတော့ Log in မ၀င်ရသေးလို့ ၀င်လိုက်ပါဦးမယ်။ ၀င်ပြီးတဲ့သူကတော့ ဒီအဆင့်ကျော်လိုက်။
ပြီးတော့ ဒီလိုမျိုးအများကြီးပေါ်လာပါလိမ့်မယ်။ Okay ကိုပဲဆက်တိုက်ကလစ်သွားပါ။
Add New Publishing Plan ကိုကလစ်ပါ။
ဒီလိုပေါ်လာလိမ့်မယ်။
My Publishing Plan ကိုဖျက်လိုက် ။ သင့်ရဲ့ Blog နာမည်ကိုထည့်လိုက်ပါ။ (ဥပမာ - ကျွန်တော့်blogနာမည်က Tech in Blogging ပါ)။  ထည့်ပြီးတာနဲ့ Creating Publishing Plan ကိုကလစ်ပါ။
ဒီလိုပေါ်လာလိမ့်မယ်။
SOURCES ညာဘက်က ADD NEW ကိုကလစ်ပါ။
ဒီလိုပေါ်လာပါလိမ့်မယ်။
ကဲ။ အောက်က ကျွန်တော်ပေးတဲ့လင့်ကိုယူလိုက်ပါ။

/feeds/posts/default?alt=rss

 
ကျွန်တော့်ဆိုဒ်က http://techinblogging.blogspot.com ဆိုပါတော့ အဲ့ဒီဆိုဒ်အနောက်မှာ /feeds/posts/default?alt=rss ထည့်လိုက်ပါ။ ဒါဆိုရင် http://techinblogging.blogspot.com/feeds/posts/default?alt=rss ဖြစ်ပါလိမ့်မယ်။ ပြီးတာနဲ့ Add Source ကိုကလစ်ပါ။
ဒီလိုပေါ်လာလိမ့်မယ်။ Save ကိုမနှိပ်နဲ့ဦး။
Update Frequency မှာ Four times a day အစား As soon as possible ကိုပြောင်းလိုက်ပါ။ ပြီးတာနဲ့ Save ကိုကလစ်လို့ရပါပြီ။
TARGET ရဲ့ညာဘက်မှာ ADD NEW ကိုကလစ်လိုက်ပါ။
ဒီလိုလေးကျလာပါလိမ့်မယ်။
Choose Target မှာသင့်ရဲ့ စာမျက်နှာဖြစ်စေ profile ဖြစ်စေ Group ဖြစ်စေ တစ်ခုခုကိုရွေးလိုက်ပါ။ ကျွန်တော်ကတော့ Myanmar Tech News - မြန်မာ့နည်းပညာသတင်း ကိုရွေးချယ်လိုက်ပါတယ်။
ပြီးတာနဲ့ Off လို့နေရာမှာ On ပေးလိုက်ပါ။ ဒါဆိုရင် အလုပ်လုပ်ပါပြီ။ သင်ပိုစ့်တစ်ခုတင်ကြည့်ပါ။ ပြီးရင် သင့်ချိတ်ထားတဲ့ page, profile, group မှာသွားကြည့်ပါ။ အောင်အောင်မြင်မြင်နဲ့ရတာကိုတွေ့ရပါလိမ့်မယ်။

Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။ ကျွမ်းကျင်လို့တင်တာမဟုတ်ပါ။ သိစေချင်လို့တင်တာဖြစ်ပါတယ်။ အဆင်မပြေရင် အောက်ပါအတိုင်း comment ပေးသွားခဲ့ပါ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

Monday 22 April 2013

တစ်ချိန်တုန်းက Social networking ဆိုဒ်တစ်ခုဖြစ်ခဲ့တဲ့ www.Multiply.com

မင်္ဂလာပါ။ ခုဒီစာလေးကိုဖတ်တဲ့ သူငယ်ချင်းတွေလည်း Multiply website ကဖြစ်ကောင်းလည်းဖြစ်နိုင်ပါလိမ့်မယ်။ Tech in Blogging မှ www.multiply.com ရဲ့တစ်ချိန်တစ်ခါက ဘာလေးဖြစ်ခဲ့တယ်ဆိုတာကိုပြောပါဦးမယ်။ သမိုင်းလေးကို ရှာရှာဖွေဖွေလေးပေါ့။


၂၀၀၉ ခုနှစ်တုန်းက Multiply စသုံးခဲ့ပါတယ်။ အဲ့အချိန်တုန်းကဆိုရင် Blogger တို့ WordPress တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ACCESS DENIED ဖြစ်ခဲ့ပါတယ်။ လူတိုင်းက Blog တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ် ကျွန်တော်လည်း အပါအ၀င်ပေါ့။ ကျွန်တော့်မှာအားကျတဲ့ ဆရာတွေရှိပါတယ်။ အရင်ကဆိုရင် kp3family၊ ညီနေမင်း၊ ဇောင်း၊ ကိုဇော် တို့ပေါ့။ သူငယ်ချင်းတွေက Multiply သုံးတော့ ကျွန်တော်လည်းသူတို့မျှားခေါ်တဲ့နေရာကိုရောက်သွားပါတယ်။

အဲ့ဒီကိုရောက်တော့ ကျွန်တော်က ကိုဇော်တို့ ကိုဇောင်းတို့ရဲ့အရည်အချင်းကို အားကျတော့ လိုက်တုမိပါတယ်(ကျွန်တော်လူတော်ခုထက်ထိမဖြစ်သေးပါ)။ နောက်တော့ Multiply ဟာဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတော့တယ်။ Facebook လိုပဲ တစ်ယောက်နဲ့တစ်ယောက်ခင်ရအရမ်းလွယ်ပါတယ်။ ကိုယ်ပိုင်တဲ့ Blog လိုပဲ  ဆိုဒ်လေးကို အလှဆင်လို့ရပါတယ် [ချွင်းချက်။   ။ Javascript မပါ]။ တစ်ခုကောင်းတာက တခြားဆိုဒ်တွေလို phishing လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ပိုစ့်လေးတွေလည်း ဝေမျှရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် Blogger တို့ WordPress တို့နဲ့ဆန့်ကျင်ဘက်တွေအရမ်းများပါတယ်။

လူတိုင်းချစ်ပြီး ကိုင်လို့ကောင်းတဲ့ Multiply platform လေးဟာ ၂၀၁၂ ဒီဇင်ဘာမှာ ပျောက်ကွယ်မယ်လို့ ကြားသိခဲ့ရပေမယ့် ၂၀၁၃ မှာတော့ Philippines တို့ရောင်းဝယ်ရာ online ဈေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။


 Multiply ကိုတည်ထောင်ခဲ့တဲ့ Stefen Magdalinski

Multiply အသက်ဝင်တဲ့အချိန်က ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လေးအမြစ်ပေါက်တဲ့ နှစ်က နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၀၀ ခုနှစ်ပါ။ တည်ထောင်သူကတော့ Stefan Magdalinski (အထက်ပါပုံ) ဖြစ်ပါတယ်။ Multiply ရဲ့တည်နေရာကတော့ Singapore ဖြစ်ပါတယ်။ သူတို့က Philippines ကိုအဓိကချိတ်ဆက်ထားတာပါ။ အစကတော့ social networking နဲ့အတူ စီးပွားဖြစ်ဖို့အတွက် တည်ထောင်လိုက်တာပါ။ အရင်တုန်းကတော့ MSN ကို Microsoft ကပယ်မှာမို့ Multiply က အသက်သွေးကြောအဖြစ် ကယ်တင်ထားခဲ့တာပါ။


ဖြစ်ခဲ့ပါတယ်။ အပေါ်က logo လေးက အရင်က Multiply လေးပါ။ အဲ့ဒီ logo ရဲ့အဓိပ္ပါယ်က လူမှုကွန်ယက်နှင့် မိတ်ဆွေဖွဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဘလော့တင်မကပါဘူး။ သီချင်း၊ ဗီဒီယို၊ စာတို၊ ဓာတ်ပုံပါတင်လို့ရပါတယ်။ တစ်မူထူးခြားတာက တင်ပြီးရင်သူများ Email ကို Subscribe လုပ်ပေးလို့ရပါတယ်။ Multiply ကိုဆိုဒ်ကလေးအဖြစ်ဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ မိသားစုအဖြစ်နဲ့လည်း ပေါင်းလို့ရပါတယ်။ ပြီးတော့ ၀င်ရတာအလွန်လွယ်ကူလှပါတယ်။

၂၀၁၃ Multiply အထက်ပါ logo ကတော့ လုံးဝအသုံးမကျတဲ့ logo ပါ။ အရင်ကအသက်ရှင်နေတဲ့ Multiply users များကို ကစ်လိုက်တဲ့ logo ပါ။ Indonesia နဲ့ Philippines အတွက်ပဲရပါတယ်ဆိုဘဲ။ ၂၀၁၃ မှာ ပြောင်းလဲသွားတဲ့ Multiply အကြောင်းကို နိဒါန်းမရေးပါဘူးဗျာ။

India ၊ Indonesia ၊ Philippines ၊ USA ၊ Pakistan ၊ Thailand တို့ဖြစ်ပါတယ်။ အများစုက India ပါ။

မိသားစုပုံ၊ သားသမီးပုံ၊ အမှတ်တရပုံ၊ ကာတွန်းပုံတွေလူအသုံးများပါတယ်။ သီချင်းတွေကိုတော့မတင်ဖြစ်ဘူး။ နည်းပညာတို့ မှတ်စုတိုလေးတွေ စုဆောင်းတဲ့နေရာအဖြစ် Multiply ကအသုံးဝင်ခဲ့တာပါ။ ပြီးတော့ ဒီမိုကရေစီခေတ်မတိုင်မီတုန်းကဆိုရင် proxy ကျော်ဖို့အခက်အခဲရှိတာကြောင့် အသုံးများတာပါ။ နောက်တစ်ခုက အရင်က ACCESS DENIED ကြောင့်မြန်မာနိုင်ငံမှာ Blogger, WordPress ဆိုတာ သုံးမရလို့ Multiply ကဘလော့အဖြည့်ခံအဖြစ်နဲ့ social networking ကိုထိုးဖောက်လာတာပါ။ မိသားစုလည်း ဖွဲ့လို့ရတယ်ဆိုတဲ့ Multiply ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် communication လုပ်ရအလွန်လွယ်ကူပါတယ်။ HTML တို့ CSS တို့ရေးရတာအလွန်လွယ်ကူလှပါတယ်။ share လုပ်ရတာ လွယ်ကူလှပါတယ်။

သူက Blogger လို Javascript မရပါဘူး။ Custom domain မရပါဘူး။ Free နဲ့ Premium service နဲ့လည်း ခွဲခြားထားပါသေးတယ်။ နောက်ပိုင်းတော့ shopping service ထွက်လာတဲ့အတွက် ဆိုဒ်ပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း ချို့ယွင်းလာခဲ့ကြပါတယ်။



ဒီ Graph က ဖေဖေါ်ဝါရီလ ၂၀၁၃တုန်းက နေ ယခုဧပြီလအထိ Alexa မှဖော်ထုတ်ထားတဲ့ result ပါ။ March ၂၃ရက်နေ့ ၂၀၁၃ မှာ ကျွန်တော်တို့ချစ်တဲ့ International Multiply ကြီးဟာ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အသုံးပြုဦးရေဟာ တစ်ရှိန်ထိုးကျဆင်းသွားပါတယ်။ Philippines နဲ့ Indonesia အတွက်ပဲဖြစ်ပါတယ်။ ခု  Philippines နဲ့ Indonesia  တို့ IP နဲ့ပဲဝင်လို့ရပါမယ်။ Multiply ကို sign up လုပ်ရင် ကျွန်တော်ပေးတဲ့လင့်နဲ့ဖောက်ဝင်ပါ။

ဒီ proxy တွေကိုသုံးပြီး login ကိုဝင်လို့ရအောင်ပါ။ Hack နည်းဆိုပေမယ့် ကိုယ့်အတွက်ပဲအသုံးဝင်တယ်။ ဘယ်သူ့အတွက်မထိခိုက်ပါဘူး။
Philippines proxy - http://adf.ly/NUqva
Indonesia proxy - http://adf.ly/NVDhh


ဒီဇင်ဘာ ၁ရက်နေ့ ၂၀၁၂ မှာ ကြော်ငြာခဲ့တာပါ။ Multiply ကဈေးတန်းဖြစ်မှာမို့ အနှေးအနဲ့အမြန် Blogger သို့ရွေ့ပါလို့ပြောကြားခဲ့ပါတယ်။ အတည်ပိတ်ခဲ့တာတော့ March လမှ social networking ဘ၀မှ သေဆုံးသွားပါတယ်ဗျာ။



အများကြီးရှိပါသေးတယ်။ ခုလိုလဖတ်တာကျေးဇူးတင်ပါတယ်။ တစ်ချိန်တစ်ခါက အတိတ်ကို ကျွန်တော်ဖော်ပြတာပဲရှိပါတယ်။ သိရင် အောက်ပါအတိုင်း comment ပေးပါဗျာ။ လေးစားစွာဖြင့် ,,, YGNBlogger

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)


မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။



http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။

Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။

I am YGNBlogger and the founder of Tech in Blogging. I am 9th grade student. I'm now 15 years old. I like blogging and writing posts. Through these, my hobbies are swimming and playing games. I am also interested in driving cars.