Saturday 17 August 2013

Top 10 Global websites (နာမည်အကြီးဆုံး ၀ဘ်ဆိုဒ် ၁၀ခု) in 2013

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ကျွန်တော်လည်း ခုလူတွေအားလုံးသိအောင် ၂၀၁၃ မှာ နာမည်ကြီး ၀ဘ်ဆိုဒ် ၁၀ခု ကိုပြဦးပါမယ်ဗျာ။ Screenshot နှင့်တကွကြည့်ပါ။ အားလုံးသိအောင်လည်း ဝေမျှလိုက်ဦးနော်။ ထိပ်ဆုံးက တင်ထားတဲ့ဆိုဒ်က နာမည်အကျော်ကြားဆုံးပေါ့။ ကဲ လေ့လာကြစို့။

http://www.google.com 
ခုလူတိုင်း မရှိမဖြစ်သုံးနေတဲ့ အင်တာနက်သွေးကြော Google Search Engine ပါ။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတိုင်းလိုလိုအသုံးများပါတယ်။
 


http://www.facebook.com 
Facebook ဆိုတာက အလွယ်တကူလူမှုကွန်ယက်တစ်ခုပါ။ ၂၀၀၄ မှ စတင်တည်ထောင်တာဖြစ်ပြီး Mark Zuckerberg မှ တည်ထောင်ထားတာဖြစ်ပါတယ်။ သူက ဒုတိယ နာမည်ကျော် ၀ဘ်ဆိုဒ်အဖြစ်တည်ရှိနေဆဲပါ။ Facebook ကိုကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း အသုံးပြုပါတယ်။

http://www.youtube.com 
၂၀၁၁ ကစပြီး မြန်မာနိုင်ငံကစပြီး YouTube တို့ကို Access Denied အဖြစ်မှ လွှတ်ငြိမ်းခွင့်ပေးခဲ့ပါပြီ။ ခုလူတိုင်းလည်း Tutorials | Game cheats | MTV | Series | Film စသဖြင့် ပါသော ဗွီဒီယိုများ အလွယ်တကူတင်ခွင့်နှင့် ကြည့်ခွင့်များရှိပါတယ်။ YouTube က Google ရဲ့ အမျိုးစုထဲမှာ ပါပါတယ်။


http://www.yahoo.com 
Yahoo! ကို ထောင်တာ ၂၁ နှစ်ကျော်ခဲ့ပါပြီ။ Google မစမီကတည်းက သူက နာမည်ကြီးနေခဲ့တာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအရမ်းအသုံးနည်းပါတယ်။ ဒါပေမယ့် Yahoo! ကနာမည်ကြီး စတုတ္တ၀ဘ်ဆိုဒ်နေရာမှာ တည်ရှိနေဆဲပါ။

http://www.baidu.com
တရုတ်လူမျိုးတွေရဲ့ အင်တာနက်ရှာဖွေရေးသွေးကြောတစ်ခုဖြစ်တဲ့ Baidu Search Engine ပါ။ တရုတ်ဟန်းဆက် (Android version) တွေရဲ့ Browser တွေမှာလည်း Baidu Search Engine ပါပါတယ်ဗျာ။ Baidu ဆိုတဲ့နာမည်က ဘီစီ ၈၀၀ ကတည်းက သုံးခဲ့တာ ခုထက်ထိ နာမည်လှလှလေးဖြစ်နေဆဲပါ။



http://www.wikipedia.org
Wikipedia က စာပေ၊ သမိုင်း၊ ပထ၀ီ အစုံစုံလေ့လာလို့ရပါတယ်။ နိုင်ငံတိုင်းလိုလိုဝင်ကြည့်ပြီး Project အဖြစ် လုပ်တယ်။ ဝေမျှကြတယ်လေ။ ဘာသာမျိုးစုံနှင့်လည်း သင်လိုရာကိုဖတ်နိုင်ပါပြီ။


http://www.qq.com
QQ က တရုတ်လူမျိုးရဲ့ အင်တာနက်သွေးကြောနောက်တစ်နေရာမှာပဲဗျာ။ Yahoo! ရဲ့ပုံစံအသွင်ကိုခိုးယူထားတဲ့ QQ တရုတ်ထုတ်ပါ။ Search Engine ဆိုပေမယ့် တရုတ်လိုနားလည်သူတွေပဲ သုံးကြပါတယ်။
http://www.linkedin.com
ဆက်သွယ်ဖို့ကွန်ယက်တစ်ခုပါ။ လင့်တွေပါတွေ share လို့ရပါတယ်။ မြန်မာနိုင်ငံမှာအသုံးနည်းပါတယ်။


http://www.amazon.com
အွန်လိုင်းမှာအလွယ်တကူ သင်လိုချင်ရာ ၀ယ်နိုင်မယ့် Online ဈေးကွက်ပါ။


http://www.live.com
MSN  အကောင့်ကိုဝင်ရမယ့်နေရာပါ။ ပြီးတော့ သူက Microsoft ရဲ့ဆွေမျိုးတော်တွေပါ။
Source: Alexa Ranking

1 comments:

အချိန်ပေးပြီး လာလည်ခဲ့တဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်.
အကျိုးပြုဆိုဒ်လေးတစ်ခုကို သိရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်.
ချမ်းမြေ့ပါစေ...

ခင်မင်စွာဖြင့်
သဒ္ဓါလှိုင်း

Post a Comment